Other Translations: Deutsch , English , ру́сский язы́к , Srpski

From:

PreviousNext

Dīgha Nikāya 3 ဒီဃနိကာယ် ၃

Ambaṭṭhasutta အမ္ဗဋ္ဌသုတ်

Evaṁ me sutaṁ—အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

ekaṁ samayaṁ bhagavā kosalesu cārikaṁ caramāno mahatā bhikkhusaṅghena saddhiṁ pañcamattehi bhikkhusatehi yena icchānaṅgalaṁ nāma kosalānaṁ brāhmaṇagāmo tadavasari. အခါတစ်ပါး၌ မြတ်စွာဘုရားသည် ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီလှည့်လည်တော်မူလတ်သော် ဣစ္ဆာနင်္ဂလအမည်ရှိသော ပုဏ္ဏားရွာသို့ ရောက်တော်မူ၍

Tatra sudaṁ bhagavā icchānaṅgale viharati icchānaṅgalavanasaṇḍe. ထိုရွာ၏ အနီး ဣစ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏။

1. Pokkharasātivatthu ၁။ ပေါက္ခရသာတိပုဏ္ဏားဝတ္ထု

Tena kho pana samayena brāhmaṇo pokkharasāti ukkaṭṭhaṁ ajjhāvasati sattussadaṁ satiṇakaṭṭhodakaṁ sadhaññaṁ rājabhoggaṁ raññā pasenadinā kosalena dinnaṁ rājadāyaṁ brahmadeyyaṁ. ထိုစဉ်အခါ၌ ပေါက္ခရသာတိပုဏ္ဏားသည် လူစည်ကား၍ ကျွဲနွားစသည် ပေါများသော မြက် ထင်းရေတို့နှင့် ပြည့်စုံသော ဆန်စပါးနှင့် ပြည့်စုံသော မင်းမှရသည့် စည်းစိမ်ဖြစ်သော ပသေနဒီကောသလမင်းသည် ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော ဥက္ကဋ္ဌမြို့ကို အုပ်ချုပ်၍ နေ၏။

Assosi kho brāhmaṇo pokkharasāti: ပေါက္ခရသာတိပုဏ္ဏားသည် (ဤသို့) ကြားသိလေ၏—

“samaṇo khalu, bho, gotamo sakyaputto sakyakulā pabbajito kosalesu cārikaṁ caramāno mahatā bhikkhusaṅghena saddhiṁ pañcamattehi bhikkhusatehi icchānaṅgalaṁ anuppatto icchānaṅgale viharati icchānaṅgalavanasaṇḍe. “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်း ပြုသော သာကီဝင်မင်းသား ရဟန်းဂေါတမသည် ငါးရာမျှသောများစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီလှည့်လည်တော် မူရာ ဣစ္ဆာနင်္ဂလရွာသို့ရောက်တော်မူ၍ ထိုရွာ၏အနီး ဣစ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏။

Taṁ kho pana bhavantaṁ gotamaṁ evaṁ kalyāṇo kittisaddo abbhuggato—

‘itipi so bhagavā arahaṁ sammāsambuddho vijjācaraṇasampanno sugato lokavidū anuttaro purisadammasārathi satthā devamanussānaṁ buddho bhagavā.’

So imaṁ lokaṁ sadevakaṁ samārakaṁ sabrahmakaṁ sassamaṇabrāhmaṇiṁ pajaṁ sadevamanussaṁ sayaṁ abhiññā sacchikatvā pavedeti. ထိုမြတ်စွာဘုရားသည်နတ်နှင့်တကွသော မာရ်နတ်နှင့် တကွသော ဗြဟ္မာနှင့် တကွသော ဤလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏတို့နှင့် တကွသော မင်းများ လူများနှင့် တကွသော သတ္တဝါ အပေါင်းကိုလည်းကောင်းကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြား တော်မူ၏၊

So dhammaṁ deseti ādikalyāṇaṁ majjhekalyāṇaṁ pariyosānakalyāṇaṁ, sātthaṁ sabyañjanaṁ, kevalaparipuṇṇaṁ parisuddhaṁ brahmacariyaṁ pakāseti. ထိုမြတ်စွာဘုရားသည်အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသောသဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံ သော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။

Sādhu kho pana tathārūpānaṁ arahataṁ dassanaṁ hotī”ti. ထိုသို့သဘော ရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု ကြားသိလေ၏။

2. Ambaṭṭhamāṇava ၂။ အမ္ဗဋ္ဌလုလင်ကို ဘုရားထံ စေလွှတ်ခြင်း

Tena kho pana samayena brāhmaṇassa pokkharasātissa ambaṭṭho nāma māṇavo antevāsī hoti ajjhāyako mantadharo tiṇṇaṁ vedānaṁ pāragū sanighaṇḍukeṭubhānaṁ sākkharappabhedānaṁ itihāsapañcamānaṁ padako veyyākaraṇo lokāyatamahāpurisalakkhaṇesu anavayo anuññātapaṭiññāto sake ācariyake tevijjake pāvacane: ထိုစဉ်အခါ၌ ပေါက္ခရသာတိပုဏ္ဏား၏ တပည့်ဖြစ်သော အမ္ဗဋ္ဌမည်သော လုလင်သည် ရှိ၏၊ (ထိုလုလင်သည်) ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏၊ အဘိဓာန် ‘နိဃဏ္ဍု’ ကျမ်း၊ အလင်္ကာ ‘ကေဋုဘ’ ကျမ်း၊ သဒ္ဒါ ‘အက္ခရပ္ပဘေဒ’ ကျမ်း၊ ငါးခုမြောက် ဣတိဟာသကျမ်း[မဟာဘာရတစသော ရှေးဟောင်းသမိုင်း ရာဇဝင်ပုံပြင်ကျမ်း]နှင့်တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်း[ဝေဒကျမ်းလာ ပုဒ်ရင်းတို့ကို ထုတ်နုတ်စီစဉ်ပြသော ကျမ်း]ကို တတ်၏၊ ဗျာကရုဏ်းကျမ်း[ဓာတ် ပစ္စည်း ဝိဘတ်တို့ဖြင့် ဝေဖန်၍ ပုဒ်တို့၏ ပြီးစီးပုံကို ပြသောကျမ်း]ကို တတ်၏၊ လောကာယတကျမ်း၊[မျက်မြင်လောက အကြောင်းအရာကိုသာ ပြသောရုပ်ဝါဒကျမ်း စာရ်ဗာကဆရာ၏ ရုပ်ဝါဒစသည်] မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့တတ်မြောက်၏၊ မိမိ ဆရာ့အတတ် ဖြစ်သော ဗေဒင်သုံးပုံကျမ်းလာ စကား၌

“yamahaṁ jānāmi taṁ tvaṁ jānāsi; ငါ သိသည်ကို သင် သိ၏၊

yaṁ tvaṁ jānāsi tamahaṁ jānāmī”ti. သင် သိသည်ကို ငါ သိ၏ဟု (ဆရာက) အသိအမှတ် ပြုထားသူ ဖြစ်သည့်ပြင် မိမိကိုယ်တိုင်ကလည်းဝန်ခံထားသူ ဖြစ်၏။

Atha kho brāhmaṇo pokkharasāti ambaṭṭhaṁ māṇavaṁ āmantesi: ထိုအခါ ပေါက္ခရသာတိ ပုဏ္ဏားသည် အမ္ဗဋ္ဌလုလင်ကို ဤသို့ဆို၏ —

“ayaṁ, tāta ambaṭṭha, samaṇo gotamo sakyaputto sakyakulā pabbajito kosalesu cārikaṁ caramāno mahatā bhikkhusaṅghena saddhiṁ pañcamattehi bhikkhusatehi icchānaṅgalaṁ anuppatto icchānaṅgale viharati icchānaṅgalavanasaṇḍe. “ချစ်သား အမ္ဗဋ္ဌ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော သာကီဝင်မင်းသား ဤရဟန်းဂေါတမသည်ငါးရာမျှသော များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်း၌ ဒေသစာရီလှည့်လည်တော် မူရာဣစ္ဆာနင်္ဂလရွာသို့ ရောက်တော်မူ၍ ထိုရွာ၏အနီး ဣစ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေ တော်မူ၏။

Taṁ kho pana bhavantaṁ gotamaṁ evaṁ kalyāṇo kittisaddo abbhuggato: ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏ —

‘itipi so bhagavā, arahaṁ sammāsambuddho vijjācaraṇasampanno sugato lokavidū anuttaro purisadammasārathi satthā devamanussānaṁ buddho bhagavā. ‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံမည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့် လည်းသမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်း ကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏’ဟု ပျံ့နှံ့၍ ထွက်၏။

So imaṁ lokaṁ sadevakaṁ samārakaṁ sabrahmakaṁ sassamaṇabrāhmaṇiṁ pajaṁ sadevamanussaṁ sayaṁ abhiññā sacchikatvā pavedeti. ထိုမြတ်စွာဘုရားသည်နတ်နှင့်တကွသော မာရ်နတ်နှင့် တကွသော ဗြဟ္မာနှင့် တကွသော ဤလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏတို့နှင့် တကွသော မင်းများ လူများနှင့် တကွသော သတ္တဝါ အပေါင်းကိုလည်းကောင်းကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြား တော်မူ၏၊

So dhammaṁ deseti ādikalyāṇaṁ majjhekalyāṇaṁ pariyosānakalyāṇaṁ, sātthaṁ sabyañjanaṁ kevalaparipuṇṇaṁ parisuddhaṁ brahmacariyaṁ pakāseti. ထိုမြတ်စွာဘုရားသည်အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသောသဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံ သော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။

Sādhu kho pana tathārūpānaṁ arahataṁ dassanaṁ hotī’ti. ထိုသို့သဘော ရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း။

Ehi tvaṁ, tāta ambaṭṭha, yena samaṇo gotamo tenupasaṅkama; upasaṅkamitvā samaṇaṁ gotamaṁ jānāhi, yadi vā taṁ bhavantaṁ gotamaṁ tathāsantaṁyeva saddo abbhuggato, yadi vā no tathā. ချစ်သားအမ္ဗဋ္ဌ လာလော့၊ သင်သည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်ပြီးလျှင် “ရဟန်းဂေါတမ၏ကျော်စောသတင်းသည် အမှန်အတိုင်း ပျံ့နှံ့၍ ထွက်သလော့၊ အမှန်အတိုင်း မဟုတ်ဘဲ ပျံ့နှံ့၍ထွက်သလော့၊

Yadi vā so bhavaṁ gotamo tādiso, yadi vā na tādiso, tathā mayaṁ taṁ bhavantaṁ gotamaṁ vedissāmā”ti. ထိုအသျှင်ဂေါတမသည် ကျော်စောသည့်အတိုင်း မှန်သလော့၊ မမှန်သလောဟု ငါတို့ သိနိုင်ရန်အလို့ငှါ ရဟန်းဂေါတမကို သိအောင် စုံစမ်းချေလော့”ဟု ဆို၏။

“Yathā kathaṁ panāhaṁ, bho, taṁ bhavantaṁ gotamaṁ jānissāmi: ‘yadi vā taṁ bhavantaṁ gotamaṁ tathāsantaṁyeva saddo abbhuggato, yadi vā no tathā. Yadi vā so bhavaṁ gotamo tādiso, yadi vā na tādiso’”ti? အသျှင်ထိုအသျှင်ဂေါတမ၏ ကျော်စောသတင်းသည် “အမှန်အတိုင်း ပျံ့နှံ့၍ ထွက်သလော့၊ အမှန်အတိုင်း မဟုတ်ဘဲ ပျံ့နှံ့၍ ထွက်သလော့၊ ထိုအသျှင်ဂေါတမသည် ကျော်စောသည့်အတိုင်း မှန်သလော့၊ မမှန်သလော”ဟု ထိုအသျှင်ဂေါတမကို အကျွန်ုပ်သည် အဘယ်သို့လျှင် သိအောင် စုံစမ်းရပါအံ့နည်း။

“Āgatāni kho, tāta ambaṭṭha, amhākaṁ mantesu dvattiṁsa mahāpurisalakkhaṇāni, yehi samannāgatassa mahāpurisassa dveyeva gatiyo bhavanti anaññā. ချစ်သားအမ္ဗဋ္ဌ ငါတို့၏ ဝေဒကျမ်းတို့၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့ လာ ကုန်၏၊ ယင်း လက္ခဏာတို့နှင့် ပြည့်စုံသော ယောကျာ်းမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင် ရှိကုန်၏၊ အခြားသော အဖြစ် မရှိကုန်

Sace agāraṁ ajjhāvasati, rājā hoti cakkavattī dhammiko dhammarājā cāturanto vijitāvī janapadatthāvariyappatto sattaratanasamannāgato. (ထိုယောကျာ်းမြတ်သည်) အကယ်၍ လူ့ဘောင်၌ နေငြားအံ၊ တရားစောင့်သော တရားနှင့်အညီမင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကိုအောင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း ဖြစ်၏၊ ထို (စကြဝတေး) မင်းအား ဤရတနာ ခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊

Tassimāni satta ratanāni bhavanti. ဤသည်တို့ကား အဘယ်နည်း။

Seyyathidaṁ—cakkaratanaṁ, hatthiratanaṁ, assaratanaṁ, maṇiratanaṁ, itthiratanaṁ, gahapatiratanaṁ, pariṇāyakaratanameva sattamaṁ. စကြာရတနာ၊ ဆင်ရတနာ၊ မြင်းရတနာ၊ ပတ္တမြားရတနာ၊ မိန်းမရတနာ၊ သူကြွယ် ရတနာ၊ ခုနစ်ခုမြောက် သားကြီးရတနာတို့တည်း။

Parosahassaṁ kho panassa puttā bhavanti sūrā vīraṅgarūpā parasenappamaddanā. ထို (စကြဝတေးမင်း) ၌ ရဲရင့်ကုန်သော သူရဲ ကောင်းအင်္ဂရုပ်ရှိကုန်သော တစ်ဖက် စစ်သည်တို့ကို နှိမ်နင်းနိုင်ကုန်သော အထောင်မကသော သားတော်တို့သည်ရှိကုန်၏၊

So imaṁ pathaviṁ sāgarapariyantaṁ adaṇḍena asatthena dhammena abhivijiya ajjhāvasati. ထို (စကြဝတေးမင်း) သည် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို ဒဏ် မခတ်မူ၍ မသတ်ဖြတ်မူ၍တရားသဖြင့် အောင်မြင်လျက် အုပ်စိုး၏။

Sace kho pana agārasmā anagāriyaṁ pabbajati, arahaṁ hoti sammāsambuddho loke vivaṭṭacchado. အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တော်တိုင် မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ) အပိတ်အဖုံးကို ဖွင့်လှစ်ပြီးသော ဘုရားဖြစ်၏။

Ahaṁ kho pana, tāta ambaṭṭha, mantānaṁ dātā; ချစ်သားအမ္ဗဋ္ဌ ငါသည် (သင့်အား) ဝေဒကျမ်းတို့ကို (သင်ကြား) ပေးပြီး မဟုတ်လော့၊

tvaṁ mantānaṁ paṭiggahetā”ti. သင်သည်ဝေဒကျမ်းတို့ကို (သင်ကြား) ခံယူပြီး မဟုတ်လော။

“Evaṁ, bho”ti kho ambaṭṭho māṇavo brāhmaṇassa pokkharasātissa paṭissutvā uṭṭhāyāsanā brāhmaṇaṁ pokkharasātiṁ abhivādetvā padakkhiṇaṁ katvā vaḷavārathamāruyha sambahulehi māṇavakehi saddhiṁ yena icchānaṅgalavanasaṇḍo tena pāyāsi. “အသျှင်ကောင်းပါပြီ”ဟု အမ္ဗဋ္ဌလုလင်သည် ပေါက္ခရသာတိပုဏ္ဏားအား ဝန်ခံပြီးလျှင် နေရာမှထ၍ ပေါက္ခရသာတိပုဏ္ဏားကို ရှိခိုးလျက် အရိုအသေပြု၍ မြည်း ရထားကို တက်စီးပြီးလျှင် များစွာသောလုလင်တို့နှင့် အတူ ဣစ္ဆာနင်္ဂလတောအုပ်သို့ သွားလေ၏၊

Yāvatikā yānassa bhūmi yānena gantvā yānā paccorohitvā pattikova ārāmaṁ pāvisi. ယာဉ်ဖြင့် သွားနိုင်သမျှသော အရပ်ကိုယာဉ်ဖြင့် သွား၍ ယာဉ်မှ သက်ပြီးသော် ခြေကျင်သာလျှင် ကျောင်းတိုက်သို့ ဝင်၏။

Tena kho pana samayena sambahulā bhikkhū abbhokāse caṅkamanti. ထိုစဉ်အခါ၌ များစွာသော ရဟန်းတို့သည် လွင်ပြင်၌ စင်္ကြံသွားနေကုန်၏၊

Atha kho ambaṭṭho māṇavo yena te bhikkhū tenupasaṅkami; upasaṅkamitvā te bhikkhū etadavoca: ထိုအခါ အမ္ဗဋ္ဌလုလင်သည်ထိုရဟန်းတို့ထံ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းတို့အား ဤစကားကို ဆို၏ —

“kahaṁ nu kho, bho, etarahi so bhavaṁ gotamo viharati? “အသျှင်တို့ အသျှင်ဂေါတမသည် ယခု အဘယ်မှာ နေတော်မူပါသနည်း၊

Tañhi mayaṁ bhavantaṁ gotamaṁ dassanāya idhūpasaṅkantā”ti. အကျွန်ုပ်တို့သည့်ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ဤအရပ်သို့ ကပ်ရောက်လာပါကုန်၏”ဟု ဆို၏။

Atha kho tesaṁ bhikkhūnaṁ etadahosi: ထိုအခါ ထိုရဟန်းတို့အား ဤသို့ အကြံဖြစ်၏ —

“ayaṁ kho ambaṭṭho māṇavo abhiññātakolañño ceva abhiññātassa ca brāhmaṇassa pokkharasātissa antevāsī. “ဤအမ္ဗဋ္ဌလုလင်သည် ထင်ရှားသော အမျိုး၌လည်း ဖြစ်၏၊ ထင်ရှားသော ပေါက္ခရသာတိပုဏ္ဏား၏တပည့်လည်း ဖြစ်၏၊

Agaru kho pana bhagavato evarūpehi kulaputtehi saddhiṁ kathāsallāpo hotī”ti. ဤသို့သော အမျိုးကောင်းသားတို့နှင့်အတူ စကားပြောဆိုမှုသည် မြတ်စွာဘုရားအား ဝန်လေးမည် မဟုတ်”ဟု အကြံဖြစ်၏။

Te ambaṭṭhaṁ māṇavaṁ etadavocuṁ: ထို (ရဟန်း) တို့သည် အမ္ဗဋ္ဌလုလင်အား ဤစကားကို ဆိုကုန်၏ —

“eso, ambaṭṭha, vihāro saṁvutadvāro, tena appasaddo upasaṅkamitvā ataramāno āḷindaṁ pavisitvā ukkāsitvā aggaḷaṁ ākoṭehi, vivarissati te bhagavā dvāran”ti. “အမ္ဗဋ္ဌ တံခါးပိတ်ထားသော ဤကျောင်းသို့ တိတ်ဆိတ်စွာ ချဉ်းကပ်ပြီးနောက် မုခ်ဦးသို့ ဖြည်းညင်းစွာဝင်၍ ချောင်းဟန့်ပြီးလျှင် တံခါးကို ခေါက်လော့၊ မြတ်စွာဘုရားသည် သင့်အားတံခါးဖွင့်ပေးပါလိမ့်မည်”ဟု ဆိုကုန်၏။

Atha kho ambaṭṭho māṇavo yena so vihāro saṁvutadvāro, tena appasaddo upasaṅkamitvā ataramāno āḷindaṁ pavisitvā ukkāsitvā aggaḷaṁ ākoṭesi. Vivari bhagavā dvāraṁ. ထိုအခါ အမ္ဗဋ္ဌလုလင်သည် တံခါးပိတ်ထားသော ကျောင်းသို့ တိတ်ဆိတ်စွာ ချဉ်းကပ်ပြီး နောက်မုခ်ဦးသို့ ဖြည်းညင်းစွာ ဝင်၍ ချောင်းဟန့်ပြီးလျှင် တံခါးကို ခေါက်၏၊ မြတ်စွာဘုရားသည် တံခါးကိုဖွင့်တော်မူ၏၊

Pāvisi ambaṭṭho māṇavo. Māṇavakāpi pavisitvā bhagavatā saddhiṁ sammodiṁsu, sammodanīyaṁ kathaṁ sāraṇīyaṁ vītisāretvā ekamantaṁ nisīdiṁsu. အမ္ဗဋ္ဌလုလင်သည် ဝင်၏၊ လုလင်များလည်း ဝင်၍ မြတ်စွာဘုရားနှင့်အတူဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

Ambaṭṭho pana māṇavo caṅkamantopi nisinnena bhagavatā kañci kañci kathaṁ sāraṇīyaṁ vītisāreti, ṭhitopi nisinnena bhagavatā kañci kañci kathaṁ sāraṇīyaṁ vītisāreti. အမ္ဗဋ္ဌလုလင်သည်ကား စင်္ကြံသွားလျက်လည်း ထိုင်နေတော်မူသော မြတ်စွာဘုရားနှင့် စိုးစဉ်းစိုးစဉ်းသော အမှတ်ရဖွယ် စကားကို ပြောဆို၏၊ ရပ်လျက်လည်း ထိုင်နေတော်မူသော မြတ်စွာဘုရားနှင့် စိုးစဉ်းစိုးစဉ်းသော အမှတ်ရဖွယ် စကားကို ပြောဆို၏။

Atha kho bhagavā ambaṭṭhaṁ māṇavaṁ etadavoca: ထိုအခါ မြတ်စွာဘုရားသည် အမ္ဗဋ္ဌလုလင်အား ဤစကားကို ဆို၏ —

“evaṁ nu te, ambaṭṭha, brāhmaṇehi vuddhehi mahallakehi ācariyapācariyehi saddhiṁ kathāsallāpo hoti, yathayidaṁ caraṁ tiṭṭhaṁ nisinnena mayā kiñci kiñci kathaṁ sāraṇīyaṁ vītisāretī”ti? “အမ္ဗဋ္ဌ သင်သည် စင်္ကြံသွားလျက် ရပ်လျက်ပင် ထိုင်နေသော ငါဘုရားနှင့် စိုးစဉ်းစိုးစဉ်းသောအမှတ်ရဖွယ်စကားကို ပြောဆိုသည့်နည်းတူ (အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ပုဏ္ဏားတို့နှင့် စကားပြောဆိုခြင်းကို ပြုသလော”ဟု ဆို၏။

2.1. Paṭhamaibbhavāda ၂-၁။ ဇာတ်နိမ့် ဟူသော စကားဖြင့် ရှေးဦးစွာ ရှုတ်ချခြင်း

“No hidaṁ, bho gotama. ဤသို့ မပြောဆိုပါ အသျှင်ဂေါတမ၊

Gacchanto vā hi, bho gotama, gacchantena brāhmaṇo brāhmaṇena saddhiṁ sallapitumarahati, ṭhito vā hi, bho gotama, ṭhitena brāhmaṇo brāhmaṇena saddhiṁ sallapitumarahati, nisinno vā hi, bho gotama, nisinnena brāhmaṇo brāhmaṇena saddhiṁ sallapitumarahati, sayāno vā hi, bho gotama, sayānena brāhmaṇo brāhmaṇena saddhiṁ sallapitumarahati. သွားနေသော ပုဏ္ဏားနှင့် (ပြောလိုသော) ပုဏ္ဏားသည်သွားလျက်သာလျှင် ပြောအပ်ပါ၏ အသျှင်ဂေါတမ၊ ရပ်နေသော ပုဏ္ဏားနှင့် (ပြောလိုသော) ပုဏ္ဏားသည်လည်း ရပ်လျက်သာလျှင် ပြောအပ်ပါ၏ အသျှင်ဂေါတမ၊ ထိုင်နေသော ပုဏ္ဏားနှင့် (ပြောလိုသော) ပုဏ္ဏားသည်လည်း ထိုင်လျက်သာလျှင် ပြောအပ်ပါ၏ အသျှင်ဂေါတမ၊ အိပ်နေသော ပုဏ္ဏားနှင့် (ပြောလိုသော) ပုဏ္ဏားသည်လည်း အိပ်လျက်သာလျှင် ပြောအပ်ပါ၏ အသျှင်ဂေါတမ၊

Ye ca kho te, bho gotama, muṇḍakā samaṇakā ibbhā kaṇhā bandhupādāpaccā, tehipi me saddhiṁ evaṁ kathāsallāpo hoti, yathariva bhotā gotamenā”ti. ဇာတ်နိမ့် ဖြစ်ကုန်သော မည်းညစ်ကုန်သော ဗြဟ္မာ၏ ခြေဖမိုးမှ ပေါက်ဖွားကုန်သော ဦးပြည်းရဟန်းညံ့တို့နှင့်မူကား အကျွန်ုပ်၏ စကားပြောဆိုခြင်းသည် အသျှင်ဂေါတမနှင့် ပြောဆိုသကဲ့သို့ပင် ဖြစ်ပါ၏။ [အဋ္ဌကထာ၌ ဣဗ္ဘပုဒ်ကို ဂဟပတိက—သူကြွယ်ဟု ဖွင့်၏၊ အင်္ဂလိပ်ဘာသာပြန်နှင့် ယခုခေတ် သီဟိုဠ်ဘာသာပြန်တို့၌ သက္ကဋ အဘိဓာန်စသည်ကို မှီ၍ ဣဗ္ဘပုဒ်ကို အစေအပါးဟု ပြန်ဆိုကြ၏၊ ဤ၌ကား ဋီကာတွင် “ဗြာဟ္မဏာနံ သုဿုသတာ သုဒ္ဒါ” ပုဏ္ဏားတို့၏ စကားကို ရိုသေစွာ နာခံရသော သုဒ္ဒမျိုးညံ့ဟု ဖွင့်ပြသည်ကို ထောက်ထား၍လည်းကောင်း၊ ဒီဃနိကာယ် ပါထိကဝဂ် အဂ္ဂညသုတ်၌ ဟီနပုဒ်အရာတွင် ဣဗ္ဘပုဒ်ဖြင့် လဲလှယ်၍ သုံးထားသည်ကို ထောက်ထား၍လည်းကောင်း၊ ဤသုတ်တွင် အချေအတင်ပြောဆိုကြသော ရှေ့နောက်စကားအစဉ်ကို ထောက်ထား၍လည်းကောင်း “ဇာတ်နိမ့်”ဟု ပြန်ဆိုလိုက်သည်။]

“Atthikavato kho pana te, ambaṭṭha, idhāgamanaṁ ahosi, yāyeva kho panatthāya āgaccheyyātha, tameva atthaṁ sādhukaṁ manasi kareyyātha. အမ္ဗဋ္ဌ သင်သည် ကိစ္စရှိသည်ဖြစ်၍ ဤအရပ်သို့ လာခဲ့၏၊ (သင်တို့သည်) အကြင်ကိစ္စအလို့ငှါ လာသည် ဖြစ်ကုန်အံ၊ ထိုကိစ္စကိုသာလျှင် ကောင်းစွာ နှလုံးသွင်းကုန်ရာ၏။

Avusitavāyeva kho pana, bho, ayaṁ ambaṭṭho māṇavo vusitamānī kimaññatra avusitattā”ti. အချင်းတို့ ဤအမ္ဗဋ္ဌလုလင်သည် မလိမ္မာသေးဘဲလျက် လိမ္မာပြီးဟု မှတ်ထင်၏၊ (ဤသို့ ပြုမူပြောဆိုရာ၌) မလိမ္မာသေးသည်မှ လွဲ၍ မည်သည့်အကြောင်းမျှ မရှိချေ။

Atha kho ambaṭṭho māṇavo bhagavatā avusitavādena vuccamāno kupito anattamano bhagavantaṁyeva khuṁsento bhagavantaṁyeva vambhento bhagavantaṁyeva upavadamāno: ထိုအခါ မလိမ္မာသေးဟူသော စကားဖြင့် (မိမိကို) မြတ်စွာဘုရားဆိုတော်မူလတ်သော် အမ္ဗဋ္ဌလုလင်သည် အမျက်ထွက်သည် နှလုံးမသာသည် ဖြစ်၍ မြတ်စွာဘုရားကိုပင်လျှင် ပုတ်ခတ်လိုရကားမြတ်စွာဘုရားကို ပင်လျှင် ရှုတ်ချလိုရကား မြတ်စွာဘုရားကိုပင်လျှင် စွပ်စွဲလိုရကား

“samaṇo ca me bho gotamo pāpito bhavissatī”ti bhagavantaṁ etadavoca: “အချင်းတို့ ငါသည်ရဟန်းဂေါတမကိုလည်း ထိပါးစေမည်”ဟု ကြံလျက် မြတ်စွာဘုရားအား ဤစကားကို ဆို၏ —

“caṇḍā, bho gotama, sakyajāti; “အသျှင်ဂေါတမ သာကီဝင်မင်းမျိုးသည် ခက်ထန်၏၊

pharusā, bho gotama, sakyajāti; အသျှင်ဂေါတမ သာကီဝင်မင်းမျိုးသည်ကြမ်းတမ်း၏၊

lahusā, bho gotama, sakyajāti; အသျှင်ဂေါတမ သာကီဝင်မင်းမျိုးသည် စိတ်သဘောနု၏၊

bhassā, bho gotama, sakyajāti; အသျှင်ဂေါတမ သာကီဝင်မင်းမျိုးသည် စကားများ၏၊

ibbhā santā ibbhā samānā na brāhmaṇe sakkaronti, na brāhmaṇe garuṁ karonti, na brāhmaṇe mānenti, na brāhmaṇe pūjenti, na brāhmaṇe apacāyanti. ဇာတ်နိမ့်တို့ ဖြစ်ကုန်လျက် ပုဏ္ဏားတို့ကို မရိုသေကုန်၊ ပုဏ္ဏားတို့ကိုအလေးမပြုကုန်၊ ပုဏ္ဏားတို့ကို မမြတ်နိုးကုန်၊ ပုဏ္ဏားတို့ကို မပူဇော်ကုန်၊ ပုဏ္ဏားတို့ကို မတုပ်ဝပ် ကုန်၊

Tayidaṁ, bho gotama, nacchannaṁ, tayidaṁ nappatirūpaṁ, yadime sakyā ibbhā santā ibbhā samānā na brāhmaṇe sakkaronti, na brāhmaṇe garuṁ karonti, na brāhmaṇe mānenti, na brāhmaṇe pūjenti, na brāhmaṇe apacāyantī”ti. အသျှင်ဂေါတမ ဤသာကီဝင်မင်းတို့သည် ဇာတ်နိမ့်တို့ဖြစ်ကုန်လျက် ပုဏ္ဏားတို့ကို မရိုသေခြင်းအလေးမပြုခြင်း မမြတ်နိုးခြင်း မပူဇော်ခြင်း မတုပ်ဝပ်ခြင်းသည် မသင့်လျော် မလျောက် ပတ်ပါ”ဟုဆို၏။

Itiha ambaṭṭho māṇavo idaṁ paṭhamaṁ sakyesu ibbhavādaṁ nipātesi. ဤသို့လျှင် အမ္ဗဋ္ဌလုလင်သည် သာကီဝင်မင်းတို့ကို ဤဇာတ်နိမ့်ဟူသော စကားဖြင့် ရှေးဦးစွာ ရှုတ်ချ ပြောဆို၏။

2.2. Dutiyaibbhavāda ၂-၂။ ဇာတ်နိမ့် ဟူသော စကားဖြင့် နှစ်ကြိမ်မြောက် ရှုတ်ချခြင်း

“Kiṁ pana te, ambaṭṭha, sakyā aparaddhun”ti? အမ္ဗဋ္ဌ သာကီဝင်မင်းတို့သည် သင့်အား အဘယ်သို့ ပြစ်မှားကုန်သနည်း။

“Ekamidāhaṁ, bho gotama, samayaṁ ācariyassa brāhmaṇassa pokkharasātissa kenacideva karaṇīyena kapilavatthuṁ agamāsiṁ. အသျှင်ဂေါတမ အခါတစ်ပါး၌ အကျွန်ုပ်သည် ဆရာပေါက္ခရသာတိပုဏ္ဏား၏ ကိစ္စတစ်ခုဖြင့်ကပိလဝတ်ပြည်သို့ သွားခဲ့၏၊

Yena sakyānaṁ sandhāgāraṁ tenupasaṅkamiṁ. သာကီဝင်မင်းတို့၏ စည်းဝေးဆောင်သို့ ရောက်ခဲ့၏၊

Tena kho pana samayena sambahulā sakyā ceva sakyakumārā ca sandhāgāre uccesu āsanesu nisinnā honti aññamaññaṁ aṅgulipatodakehi sañjagghantā saṅkīḷantā, aññadatthu mamaññeva maññe anujagghantā, na maṁ koci āsanenapi nimantesi. ထိုစဉ်အခါ၌ များစွာသော သာကီဝင်မင်းတို့သည်လည်းကောင်း၊ သာကီဝင်မင်းသားတို့သည်လည်းကောင်း အချင်းချင်း ကလိထိုး၍ ပြင်းစွာ ရယ်ကုန်လျက် ပြင်းစွာကစားကုန်လျက် စည်းဝေးဆောင်တွင် မြင့်သောနေရာတို့၌ ထိုင်နေကုန်၏၊ စင်စစ်မူကား အကျွန်ုပ်ကိုသာ ရယ်ကြသည် ထင်၏၊ မည်သူမျှ အကျွန်ုပ်ကို နေရာလည်းမပေးပါ (နေရာဖြင့်လည်း မဖိတ်ပါ)၊

Tayidaṁ, bho gotama, nacchannaṁ, tayidaṁ nappatirūpaṁ, yadime sakyā ibbhā santā ibbhā samānā na brāhmaṇe sakkaronti, na brāhmaṇe garuṁ karonti, na brāhmaṇe mānenti, na brāhmaṇe pūjenti, na brāhmaṇe apacāyantī”ti. အသျှင်ဂေါတမ ဤသာကီဝင်မင်းတို့သည် ဇာတ်နိမ့်တို့ဖြစ်ကုန်လျက် ပုဏ္ဏားတို့ကို မရိုသေခြင်းအလေးမပြုခြင်း မမြတ်နိုးခြင်း မပူဇော်ခြင်း မတုပ်ဝပ်ခြင်းသည် မသင့်လျော် မလျောက် ပတ်ပါ။

Itiha ambaṭṭho māṇavo idaṁ dutiyaṁ sakyesu ibbhavādaṁ nipātesi. ဤသို့လျှင် အမ္ဗဋ္ဌလုလင်သည် သာကီဝင်မင်းတို့ကို ဤဇာတ်နိမ့်ဟူသော စကားဖြင့် နှစ်ကြိမ်မြောက်ရှုတ်ချပြောဆို၏။

2.3. Tatiyaibbhavāda ၂-၃။ ဇာတ်နိမ့်ဟူသော စကားဖြင့် သုံးကြိမ်မြောက် ရှုတ်ချခြင်း

“Laṭukikāpi kho, ambaṭṭha, sakuṇikā sake kulāvake kāmalāpinī hoti. အမ္ဗဋ္ဌ ဘီလုံးငှက်မသော်မှလည်း မိမိအသိုက်၌ အလိုရှိတိုင်း မြည်နိုင်သေး၏၊

Sakaṁ kho panetaṁ, ambaṭṭha, sakyānaṁ yadidaṁ kapilavatthuṁ, nārahatāyasmā ambaṭṭho imāya appamattāya abhisajjitun”ti. အမ္ဗဋ္ဌကပိလဝတ်ပြည်သည်ကား သာကီဝင်မင်းမျိုးတို့၏ ကိုယ်ပိုင်ပြည် ဖြစ်ပေ၏၊ အမောင် အမ္ဗဋ္ဌ ဤအသေးအဖွဲအမှုမျှဖြင့် အခဲမကြေ မဖြစ်ထိုက်ပါ။

“Cattārome, bho gotama, vaṇṇā—အသျှင်ဂေါတမ ဤအမျိုးလေးပါးတို့ ရှိကုန်၏-

khattiyā brāhmaṇā vessā suddā. မင်း ပုဏ္ဏား ကုန်သည် သူဆင်းရဲ ဟူသော ဤအမျိုးလေးပါးတို့ ရှိကုန်၏၊

Imesañhi, bho gotama, catunnaṁ vaṇṇānaṁ tayo vaṇṇā—အသျှင်ဂေါတမ ဤ အမျိုးလေးပါးတို့တွင် အမျိုးသုံးပါးတို့သည်-

khattiyā ca vessā ca suddā ca—မင်း ကုန်သည် သူဆင်းရဲ ဟူသော အမျိုးသုံးပါးတို့သည်

aññadatthu brāhmaṇasseva paricārakā sampajjanti. ပုဏ္ဏားမျိုး၏ အလုပ်အကျွေးသာ စင်စစ် ဖြစ်ကုန်၏၊

Tayidaṁ, bho gotama, nacchannaṁ, tayidaṁ nappatirūpaṁ, yadime sakyā ibbhā santā ibbhā samānā na brāhmaṇe sakkaronti, na brāhmaṇe garuṁ karonti, na brāhmaṇe mānenti, na brāhmaṇe pūjenti, na brāhmaṇe apacāyantī”ti. အသျှင်ဂေါတမ ဤသာကီဝင်မင်းတို့သည် ဇာတ်နိမ့်တို့ဖြစ်ကုန်လျက် ပုဏ္ဏားတို့ကို မရိုသေခြင်းအလေးမပြုခြင်း မမြတ်နိုးခြင်း မပူဇော်ခြင်း မတုပ်ဝပ်ခြင်းသည် မသင့်လျော် မလျောက် ပတ်ပါ။

Itiha ambaṭṭho māṇavo idaṁ tatiyaṁ sakyesu ibbhavādaṁ nipātesi. ဤသို့လျှင် အမ္ဗဋ္ဌလုလင်သည် သာကီဝင်မင်းတို့ကို ဤဇာတ်နိမ့်ဟူသော စကားဖြင့် သုံးကြိမ် မြောက်ရှုတ်ချပြောဆို၏။

2.4. Dāsiputtavāda ၂-၄။ ကျွန်မသား၏ ဝါဒ

Atha kho bhagavato etadahosi: ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏ —

“atibāḷhaṁ kho ayaṁ ambaṭṭho māṇavo sakyesu ibbhavādena nimmādeti, yannūnāhaṁ gottaṁ puccheyyan”ti. “ဤအမ္ဗဋ္ဌလုလင်သည် သာကီဝင်မင်းမျိုးတို့ကို ဇာတ်နိမ့်ဟူသော စကားဖြင့် အပြင်းအထန် ဖိနှိပ်၏၊ ငါသည် (သူ၏) အနွယ်ကို မေးရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။

Atha kho bhagavā ambaṭṭhaṁ māṇavaṁ etadavoca: ထိုအခါ မြတ်စွာဘုရားသည် အမ္ဗဋ္ဌလုလင်အား ဤစကားကို ဆို၏ —

“kathaṁ gottosi, ambaṭṭhā”ti? “အမ္ဗဋ္ဌ သင်၏ အနွယ်ကား အဘယ်နည်း”ဟုမေးတော်မူ၏။

“Kaṇhāyanohamasmi, bho gotamā”ti. “အသျှင်ဂေါတမ အကျွန်ုပ်၏ အနွယ်ကား ‘ ကဏှာယန’ ဖြစ်ပါသည်”။

“Porāṇaṁ kho pana te, ambaṭṭha, mātāpettikaṁ nāmagottaṁ anussarato ayyaputtā sakyā bhavanti; dāsiputto tvamasi sakyānaṁ. အမ္ဗဋ္ဌ သင်၏ အမိအဖတို့နှင့် စပ်ဆိုင်သော ရှေးအမည်အနွယ်ကို အစဉ်လိုက်၍ စိစစ်သော်သာကီဝင်မင်းတို့သည် အရှင်သခင်၏ သားတို့ ဖြစ်ကုန်၏၊ သင်သည် သာကီဝင်မင်းတို့၏ ကျွန်မသားဖြစ်၏။

Sakyā kho pana, ambaṭṭha, rājānaṁ okkākaṁ pitāmahaṁ dahanti. အမ္ဗဋ္ဌ သာကီဝင်မင်းတို့သည် ဥက္ကာကမင်းကို အဘိုးအရာ၌ ထားကုန်၏၊

Bhūtapubbaṁ, ambaṭṭha, rājā okkāko yā sā mahesī piyā manāpā, tassā puttassa rajjaṁ pariṇāmetukāmo jeṭṭhakumāre raṭṭhasmā pabbājesi—အမ္ဗဋ္ဌ ရှေး၌ ဖြစ်ဖူးသည်ကား ဥက္ကာကမင်းသည် ချစ်ခင်မြတ်နိုးသော မိဖုရား၏ သားတော်အား မင်းအဖြစ်ကို ဆောင်နှင်းတော်မူလို၍ ဥက္ကာ မုခ၊ ကရကဏ္ဍ၊ ဟတ္ထိနိက၊ သိနိသူရဟူသော သားတော်ကြီးတို့ကို တိုင်းပြည်မှနှင်ထုတ်တော်မူ၏၊

okkāmukhaṁ karakaṇḍaṁ hatthinikaṁ sinisūraṁ. ဥက္ကာ မုခ၊ ကရကဏ္ဍ၊ ဟတ္ထိနိက၊ သိနိသူရ

Te raṭṭhasmā pabbājitā himavantapasse pokkharaṇiyā tīre mahāsākasaṇḍo, tattha vāsaṁ kappesuṁ. တိုင်းပြည်မှ နှင်ထုတ်ခံရကုန်သော ထိုသားတော်ကြီးတို့သည် ဟိမဝန္တာနံပါး ရေကန်၏အနီး ကျွန်းတောအုပ်ကြီး၌ နေကုန်၏၊

Te jātisambhedabhayā sakāhi bhaginīhi saddhiṁ saṁvāsaṁ kappesuṁ. ထို (သားတော်ကြီး) တို့သည် အမျိုးပျက်မည် ကြောက်သဖြင့်မိမိတို့၏ နှမတို့နှင့် အိမ်ထောင်ပြုကုန်၏။

Atha kho, ambaṭṭha, rājā okkāko amacce pārisajje āmantesi: အမ္ဗဋ္ဌ ထိုအခါ ဥက္ကာကမင်းသည် မှူးမတ်ပရိသတ်တို့အား

‘kahaṁ nu kho, bho, etarahi kumārā sammantī’ti? “အချင်းတို့ ယခုအခါ သားတော်တို့သည်အဘယ်အရပ်မှာ နေကုန်သနည်း”ဟု မိန့်တော်မူ၏။

‘Atthi, deva, himavantapasse pokkharaṇiyā tīre mahāsākasaṇḍo, tatthetarahi kumārā sammanti. မင်းမြတ် ဟိမဝန္တာနံပါး ရေကန်၏ အနီး ကျွန်းတောအုပ်ကြီး၌ မင်းသားတို့သည် ယခု နေကြပါကုန်၏၊

Te jātisambhedabhayā sakāhi bhaginīhi saddhiṁ saṁvāsaṁ kappentī’ti. ထို (မင်းသား) တို့သည် အမျိုးပျက်မည် ကြောက်သဖြင့် မိမိတို့၏ နှမတော်တို့နှင့်အတူအိမ်ထောင် ပြုကြပါကုန်သည်ဟု (လျှောက်ကုန်၏)။

Atha kho, ambaṭṭha, rājā okkāko udānaṁ udānesi: အမ္ဗဋ္ဌ ထိုအခါ ဥက္ကာကမင်းသည် ဥဒါန်းကျူးရင့်လေ၏—

‘sakyā vata, bho, kumārā, paramasakyā vata, bho, kumārā’ti. “အချင်းတို့ သားတော်တို့သည် စွမ်းနိုင်ကုန်စွတကား” “အချင်းတို့ သားတော်တို့သည် အလွန် စွမ်းနိုင်ကုန်စွတကား”ဟု ဥဒါန်းကျူးရင့်လေ၏၊

Tadagge kho pana, ambaṭṭha, sakyā paññāyanti; so ca nesaṁ pubbapuriso. အမ္ဗဋ္ဌထိုဥဒါန်းကို အစွဲပြု၍ သာကီဝင်မင်းတို့သည် (သကျ[သကျ= စွမ်းနိုင်သူ]ဟု) ထင်ရှားကုန်၏၊ ထို (ဥက္ကာကမင်း) သည်သာကီဝင်မင်းတို့၏ ရှေးဦးစွာသော ပုဂ္ဂိုလ် ဖြစ်၏။

Rañño kho pana, ambaṭṭha, okkākassa disā nāma dāsī ahosi. အမ္ဗဋ္ဌ ဥက္ကာကမင်းအား ဒိသာမည်သော ကျွန်မသည် ရှိ၏၊

Sā kaṇhaṁ nāma janesi. ထို (ကျွန်မ) သည် ကဏှမည်သော သားကို့ဖွားမြင်၏၊

Jāto kaṇho pabyāhāsi: ကဏှသည် မွေးဖွားစ ဖြစ်လျက် ဤသို့ ဆို၏ —

‘dhovatha maṁ, amma, nahāpetha maṁ amma, imasmā maṁ asucismā parimocetha, atthāya vo bhavissāmī’ti. “အမိ အကျွန်ုပ်ကို ဆေးကြောပါလော့၊ အမိ အကျွန်ုပ်ကို ရေချိုးပါလော့၊ အမိ အကျွန်ုပ်ကိုအညစ်အကြေးမှ လွတ်ပါစေလော့၊ သင်တို့၏ အကျိုးကို ဆောင်ရွက်နိုင်သူ ဖြစ်ပါလိမ့်မည်”ဟု ဆို၏။

Yathā kho pana, ambaṭṭha, etarahi manussā pisāce disvā ‘pisācā’ti sañjānanti; အမ္ဗဋ္ဌ ယခုအခါ လူတို့သည် ဘီလူး ‘ပိသာစ’ တို့ကို မြင်လျှင် ဘီလူး ‘ပိသာစ’ ဟူ၍ သိမှတ်ကုန် သကဲ့သို့

evameva kho, ambaṭṭha, tena kho pana samayena manussā pisāce ‘kaṇhā’ti sañjānanti. ထိုစဉ်အခါ၌ လူတို့သည် ဘီလူး ‘ပိသာစ’ တို့ကို ‘ကဏှ’ ဟူ၍ သိမှတ်ကုန်၏၊

Te evamāhaṁsu: ထို (လူ) တို့သည် ဤသို့ ဆို၏ —

‘ayaṁ jāto pabyāhāsi, kaṇho jāto, pisāco jāto’ti. “ဤ (သူငယ်) သည် မွေးဖွားစ ဖြစ်လျက် (စကား) ပြော၏၊ ‘ကဏှ’ မွေးဖွား၏၊ ဘီလူး ‘ ပိသာစ’ မွေးဖွား၏”ဟု ဆိုကုန်၏၊

Tadagge kho pana, ambaṭṭha, kaṇhāyanā paññāyanti, so ca kaṇhāyanānaṁ pubbapuriso. အမ္ဗဋ္ဌ ထိုစကားကို အစွဲပြု၍ ကဏှအနွယ်ဝင်တို့သည် (ကဏှာယန)ဟုထင်ရှားကုန်၏၊ ထိုကဏှသည်လည်း ကဏှအနွယ်ဝင်တို့၏ ရှေးဦးစွာသော ပုဂ္ဂိုလ်ဖြစ်၏၊

Iti kho te, ambaṭṭha, porāṇaṁ mātāpettikaṁ nāmagottaṁ anussarato ayyaputtā sakyā bhavanti, dāsiputto tvamasi sakyānan”ti. အမ္ဗဋ္ဌ ဤသို့လျှင် သင်၏ အမိအဖတို့ နှင့် စပ်ဆိုင်သော ရှေးအမည် အနွယ်ကို အစဉ်လိုက်၍ စိစစ်သော် သာကီဝင်မင်းတို့သည် အရှင်သခင်၏သားတို့ ဖြစ်ကုန်၏၊ သင်သည် သာကီဝင်မင်းတို့၏ ကျွန်မသားဖြစ်၏ဟု (မိန့်ဆိုတော်မူ၏)။

Evaṁ vutte, te māṇavakā bhagavantaṁ etadavocuṁ: ဤသို့ မိန့်ဆိုတော်မူသော် ထိုလုလင်များသည် မြတ်စွာဘုရားအား ဤစကားကို ဆိုကြ၏ —

“mā bhavaṁ gotamo ambaṭṭhaṁ atibāḷhaṁ dāsiputtavādena nimmādesi. “အသျှင်ဂေါတမသည် အမ္ဗဋ္ဌကို ကျွန်မသားဟူသော စကားဖြင့် အပြင်းအထန် မဖိနှိပ်ပါလင့်၊

Sujāto ca, bho gotama, ambaṭṭho māṇavo, kulaputto ca ambaṭṭho māṇavo, bahussuto ca ambaṭṭho māṇavo, kalyāṇavākkaraṇo ca ambaṭṭho māṇavo, paṇḍito ca ambaṭṭho māṇavo, pahoti ca ambaṭṭho māṇavo bhotā gotamena saddhiṁ asmiṁ vacane paṭimantetun”ti. အသျှင်ဂေါတမ အမ္ဗဋ္ဌလုလင်သည် ကောင်းသော ဇာတ်လည်း ရှိပါ၏၊ အမျိုးကောင်းသားလည်းဖြစ်ပါ၏၊ အကြားအမြင်လည်း များပါ၏၊ ချေငံသော စကားလည်း ရှိပါ၏၊ ပညာရှိလည်း ဖြစ်ပါ၏၊ အမ္ဗဋ္ဌလုလင်သည် ဤစကား၌ အသျှင်ဂေါတမနှင့် အတူ တုံ့ပြန်ပြောဆိုခြင်းငှါလည်း စွမ်းနိုင် ပါ၏”ဟုဆိုကြ၏။

Atha kho bhagavā te māṇavake etadavoca: ထိုအခါ မြတ်စွာဘုရားသည် ထိုလုလင်တို့အား ဤစကားကို ဆိုတော်မူ၏ —

“sace kho tumhākaṁ māṇavakānaṁ evaṁ hoti: “အကယ်၍ သင်လုလင်တို့ ဤသို့ထင်ကြလျှင်—

‘dujjāto ca ambaṭṭho māṇavo, akulaputto ca ambaṭṭho māṇavo, appassuto ca ambaṭṭho māṇavo, akalyāṇavākkaraṇo ca ambaṭṭho māṇavo, duppañño ca ambaṭṭho māṇavo, na ca pahoti ambaṭṭho māṇavo samaṇena gotamena saddhiṁ asmiṁ vacane paṭimantetun’ti, tiṭṭhatu ambaṭṭho māṇavo, tumhe mayā saddhiṁ mantavho asmiṁ vacane. ‘အမ္ဗဋ္ဌလုလင်သည် ကောင်းသော ဇာတ်လည်း မရှိ၊ အမျိုးကောင်းသားလည်း မဟုတ်၊ အကြား အမြင်လည်း နည်း၏၊ ချေငံသော စကားလည်း မရှိ၊ ပညာလည်း မဲ့၏၊ အမ္ဗဋ္ဌ လုလင်သည်ဤစကား၌ ရဟန်းဂေါတမနှင့်အတူ တုံ့ပြန်ပြောဆိုခြင်းငှါလည်း မစွမ်းနိုင်’ဟု သင်လုလင်တို့ ထင်ကြလျှင်အမ္ဗဋ္ဌလုလင်သည် နေပါစေ၊ သင်တို့သည်သာ ဤစကား၌ ငါနှင့် အတူ ပြောဆိုကုန်လော။

Sace pana tumhākaṁ māṇavakānaṁ evaṁ hoti: အကယ်၍ ဤသို့ထင်ကြလျှင်—

‘sujāto ca ambaṭṭho māṇavo, kulaputto ca ambaṭṭho māṇavo, bahussuto ca ambaṭṭho māṇavo, kalyāṇavākkaraṇo ca ambaṭṭho māṇavo, paṇḍito ca ambaṭṭho māṇavo, pahoti ca ambaṭṭho māṇavo samaṇena gotamena saddhiṁ asmiṁ vacane paṭimantetun’ti, tiṭṭhatha tumhe; ‘ အမ္ဗဋ္ဌလုလင်သည် ကောင်းသော ဇာတ်လည်း ရှိ၏၊ အမျိုး ကောင်းသားလည်း ဖြစ်၏၊ အကြားအမြင်လည်း များ၏၊ ချေငံသော စကားလည်း ရှိ၏၊ ပညာရှိ လည်း ဖြစ်၏၊ အမ္ဗဋ္ဌလုလင်သည်ဤစကား၌် ရဟန်းဂေါတမနှင့်အတူ တုံ့ပြန်ပြောဆိုခြင်းငှါလည်း စွမ်းနိုင်၏’ဟု သင်လုလင်တို့ထင်ကြငြားအံ၊ သင်တို့ နေကြကုန်၊

ambaṭṭho māṇavo mayā saddhiṁ paṭimantetū”ti. အမ္ဗဋ္ဌလုလင်သည်သာ ဤစကား ၌ ငါနှင့်အတူတုံ့ပြန်ပြောဆိုပါစေ”ဟု ဆိုတော်မူ၏။

“Sujāto ca, bho gotama, ambaṭṭho māṇavo, kulaputto ca ambaṭṭho māṇavo, bahussuto ca ambaṭṭho māṇavo, kalyāṇavākkaraṇo ca ambaṭṭho māṇavo, paṇḍito ca ambaṭṭho māṇavo, pahoti ca ambaṭṭho māṇavo bhotā gotamena saddhiṁ asmiṁ vacane paṭimantetuṁ, tuṇhī mayaṁ bhavissāma, ambaṭṭho māṇavo bhotā gotamena saddhiṁ asmiṁ vacane paṭimantetū”ti. အသျှင်ဂေါတမ အမ္ဗဋ္ဌလုလင်သည် ကောင်းသော ဇာတ်လည်း ရှိပါ၏၊ အမျိုးကောင်းသားလည်း ဖြစ်ပါ၏၊ အကြားအမြင်လည်း များပါ၏၊ ချေငံသောစကားလည်း ရှိပါ၏၊ ပညာရှိလည်း ဖြစ်ပါ၏၊ အမ္ဗဋ္ဌလုလင်သည် ဤစကား၌ အသျှင်ဂေါတမနှင့်အတူ တုံ့ပြန်ပြောဆိုခြင်းငှါလည်း စွမ်းနိုင်ပါ၏၊ အကျွန်ုပ်တို့ ဆိတ်ဆိတ် နေကုန်အံ၊ အမ္ဗဋ္ဌလုလင်သည်သာ ဤစကား၌ အသျှင်ဂေါတမနှင့် အတူ တုံ့ပြန် ပြောဆိုပါစေ။

Atha kho bhagavā ambaṭṭhaṁ māṇavaṁ etadavoca: ထိုအခါ မြတ်စွာဘုရားသည် အမ္ဗဋ္ဌလုလင်အား ဤသို့ မေးတော်မူ၏ —

“ayaṁ kho pana te, ambaṭṭha, sahadhammiko pañho āgacchati, akāmā byākātabbo. “အမ္ဗဋ္ဌ အကြောင်းလုံလောက်သော ဤမေးခွန်းသည် သင့်ထံသို့ ရောက်လာ၏၊ အလိုမရှိသော် လည်းဖြေကြားရပေလိမ့်မည်၊

Sace tvaṁ na byākarissasi, aññena vā aññaṁ paṭicarissasi, tuṇhī vā bhavissasi, pakkamissasi vā ettheva te sattadhā muddhā phalissati. အကယ်၍ သင်သည် အတိအကျမဖြေဘဲ နေသော်လည်းကောင်း၊ အခြားတစ်ပါးကိုလှီးလွှဲပြောဆိုနေသော်လည်းကောင်း၊ ဆိတ်ဆိတ်နေသော်လည်းကောင်း၊ ဖဲခွါသွား သော်လည်းကောင်း ဤနေရာ၌ပင် သင့်ဦးခေါင်းသည် ခုနစ်စိတ်ကွဲလတ္တံ့၊

Taṁ kiṁ maññasi, ambaṭṭha, အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊

kinti te sutaṁ brāhmaṇānaṁ vuddhānaṁ mahallakānaṁ ācariyapācariyānaṁ bhāsamānānaṁ kutopabhutikā kaṇhāyanā, ko ca kaṇhāyanānaṁ pubbapuriso”ti? (အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ပုဏ္ဏားတို့ ပြောဆိုသည်ကို သင် အဘယ်သို့ ကြားဖူးသနည်း၊ ကဏှ အနွယ်ဝင်တို့သည် အဘယ်မှစ၍ဖြစ်ကုန်သနည်း၊ ကဏှအနွယ်ဝင်တို့၏ ရှေးဦးစွာသော ယောကျာ်းကား အဘယ်သူနည်း”ဟုမေးတော်မူ၏။

Evaṁ vutte, ambaṭṭho māṇavo tuṇhī ahosi. ဤသို့ မေးတော်မူသော် အမ္ဗဋ္ဌလုလင်သည် ဆိတ်ဆိတ်နေ၏၊

Dutiyampi kho bhagavā ambaṭṭhaṁ māṇavaṁ etadavoca: နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် အမ္ဗဋ္ဌလုလင်အား ဤသို့ မေးတော်မူပြန်၏ —

“taṁ kiṁ maññasi, ambaṭṭha, kinti te sutaṁ brāhmaṇānaṁ vuddhānaṁ mahallakānaṁ ācariyapācariyānaṁ bhāsamānānaṁ kutopabhutikā kaṇhāyanā, ko ca kaṇhāyanānaṁ pubbapuriso”ti? (အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ပုဏ္ဏားတို့ ပြောဆိုသည်ကို သင် အဘယ်သို့ ကြားဖူးသနည်း၊ ကဏှ အနွယ်ဝင်တို့သည် အဘယ်မှစ၍ဖြစ်ကုန်သနည်း၊ ကဏှအနွယ်ဝင်တို့၏ ရှေးဦးစွာသော ယောကျာ်းကား အဘယ်သူနည်း”ဟုမေးတော်မူ၏။

Dutiyampi kho ambaṭṭho māṇavo tuṇhī ahosi. နှစ်ကြိမ်မြောက်လည်း အမ္ဗဋ္ဌလုလင်သည် ဆိတ်ဆိတ်သာလျှင် နေ၏။

Atha kho bhagavā ambaṭṭhaṁ māṇavaṁ etadavoca: ထိုအခါ မြတ်စွာဘုရားသည် အမ္ဗဋ္ဌလုလင်အား ဤစကားကို မိန့်ဆိုတော်မူ၏။

“byākarohi dāni, ambaṭṭha, na dāni, te tuṇhībhāvassa kālo. “အမ္ဗဋ္ဌ ယခု ဖြေကြားလော့၊ ယခု သင် ဆိတ်ဆိတ်နေရန် အခါမဟုတ်၊

Yo kho, ambaṭṭha, tathāgatena yāvatatiyakaṁ sahadhammikaṁ pañhaṁ puṭṭho na byākaroti, etthevassa sattadhā muddhā phalissatī”ti. အမ္ဗဋ္ဌ အကြင်သူသည်သုံးကြိမ်တိုင်တိုင် အကြောင်းလုံလောက်သော မေးခွန်းကို ဘုရားက မေးပါလျက် မဖြေဘဲ နေငြား အံ၊ ထိုသူ၏ ဦးခေါင်းသည် ယင်းနေရာ၌ပင် ခုနစ်စိတ်ကွဲလတ္တံ့”ဟု မိန့်ဆိုတော်မူ၏။

Tena kho pana samayena vajirapāṇī yakkho mahantaṁ ayokūṭaṁ ādāya ādittaṁ sampajjalitaṁ sajotibhūtaṁ ambaṭṭhassa māṇavassa upari vehāsaṁ ṭhito hoti: ထိုစဉ်အခါ၌ သိကြားမင်းသည် ဘီလူးအသွင်ဖြင့် ရဲရဲပြောင်ပြောင် တောက်လောင်သောမီးလျှံရှိသော သံတူကြီးကို စွဲကိုင်ပြီးလျှင် ဤသို့ကြံရွယ်၍ အမ္ဗဋ္ဌလုလင်၏အထက်ကောင်းကင်၌ ရပ်လျက် နေ၏၊—

“sacāyaṁ ambaṭṭho māṇavo bhagavatā yāvatatiyakaṁ sahadhammikaṁ pañhaṁ puṭṭho na byākarissati, etthevassa sattadhā muddhaṁ phālessāmī”ti. “ဤအမ္ဗဋ္ဌလုလင်သည် သုံးကြိမ်တိုင်တိုင် အကြောင်းလုံလောက် သော မေးခွန်းကို မြတ်စွာဘုရားက မေးပါလျက် အကယ်၍ မဖြေဘဲ နေငြားအံ၊ ထို (အမ္ဗဋ္ဌ)၏ ဦးခေါင်း ကို ယင်းနေရာ၌ပင် ခုနစ်စိတ် ခွဲအံ့”ဟု ကြံရွယ်၍ အမ္ဗဋ္ဌလုလင်၏အထက်ကောင်းကင်၌ ရပ်လျက် နေ၏၊

Taṁ kho pana vajirapāṇiṁ yakkhaṁ bhagavā ceva passati ambaṭṭho ca māṇavo. ထိုဘီလူး အသွင်ရှိသော သိကြားမင်းကို မြတ်စွာဘုရားနှင့်အမ္ဗဋ္ဌလုလင်တို့သာ မြင်ကြရ၏။

Atha kho ambaṭṭho māṇavo bhīto saṁviggo lomahaṭṭhajāto bhagavantaṁyeva tāṇaṁ gavesī bhagavantaṁyeva leṇaṁ gavesī bhagavantaṁyeva saraṇaṁ gavesī upanisīditvā bhagavantaṁ etadavoca: ထိုအခါ အမ္ဗဋ္ဌလုလင်သည် ကြောက်ရွံ့ထိတ်လန့် ကြက်သီးမွေးညှင်းထသည်ဖြစ်၍ မြတ်စွာဘုရားကိုသာလျှင် မှီခိုရာ ပုန်းအောင်းရာ ကိုးကွယ်ရာဟု ရှာမှီးလျက် အနီးသို့ကပ်၍ ထိုင်ပြီးလျှင်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

“kimetaṁ bhavaṁ gotamo āha? “အသျှင်ဂေါတမသည် ထိုစကားကို အဘယ်သို့ ဆိုလိုက်ပါသနည်း၊

Punabhavaṁ gotamo bravitū”ti. အသျှင်ဂေါတမသည် တစ်ဖန်ဆိုတော်မူပါဦးလော့”ဟု လျှောက်၏။

“Taṁ kiṁ maññasi, ambaṭṭha, အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊

kinti te sutaṁ brāhmaṇānaṁ vuddhānaṁ mahallakānaṁ ācariyapācariyānaṁ bhāsamānānaṁ kutopabhutikā kaṇhāyanā, ko ca kaṇhāyanānaṁ pubbapuriso”ti? (အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ပုဏ္ဏားတို့ ပြောဆိုသည်ကို သင် အဘယ်သို့ ကြားဖူးသနည်း၊ ကဏှ အနွယ်ဝင်တို့သည် အဘယ်မှစ၍ဖြစ်ကုန်သနည်း၊ ကဏှအနွယ်ဝင်တို့၏ ရှေးဦးစွာသော ယောကျာ်းကား အဘယ်သူနည်း

“Evameva me, bho gotama, sutaṁ yatheva bhavaṁ gotamo āha. အသျှင်ဂေါတမ အသျှင်ဂေါတမ မိန့်တော်မူသည့် အတိုင်းပင် အကျွန်ုပ် ကြားဖူးပါ၏၊

Tatopabhutikā kaṇhāyanā; ကဏှာအနွယ်ဝင်တို့သည် ထိုကျွန်မ၏သား ကဏှမှ စ၍ ဖြစ်ပါကုန်၏၊

so ca kaṇhāyanānaṁ pubbapuriso”ti. ထို (ကျွန်မ၏သား ကဏှ) သည်ပင် ကဏှအနွယ်ဝင်တို့၏ ရှေးဦးစွာသော ပုဂ္ဂိုလ်ပါတည်းဟု (လျှောက်၏)။

2.5. Ambaṭṭhavaṁsakathā ၂-၅။ အမ္ဗဋ္ဌ၏ အဆက်အနွယ် အကြောင်း

Evaṁ vutte, te māṇavakā unnādino uccāsaddamahāsaddā ahesuṁ: ဤသို့ လျှောက်သော် ထိုလုလင်တို့သည် ပြင်းပြကျယ်လောင်သော အသံဖြင့် ပဲ့တင်ထပ်မျှ (ဤသို့) ပြောဆိုကြကုန်၏—

“dujjāto kira, bho, ambaṭṭho māṇavo; akulaputto kira, bho, ambaṭṭho māṇavo; dāsiputto kira, bho, ambaṭṭho māṇavo sakyānaṁ. Ayyaputtā kira, bho, ambaṭṭhassa māṇavassa sakyā bhavanti. “အချင်းတို့ အမ္ဗဋ္ဌလုလင်သည် ကောင်းသောဇာတ် မရှိဘူးတဲ့၊ အမျိုးကောင်းသား မဟုတ်ဘူးတဲ့၊ သာကီဝင်မင်းတို့၏ ကျွန်မသားတဲ့၊ အချင်းတို့ သာကီဝင်မင်းတို့သည် အမ္ဗဋ္ဌလုလင်၏ အရှင်သခင်သားများ ဖြစ်ကြသတဲ့၊

Dhammavādiṁyeva kira mayaṁ samaṇaṁ gotamaṁ apasādetabbaṁ amaññimhā”ti. ငါတို့သည် ရဟန်းဂေါတမ အမှန်အတိုင်း ပြောဆိုသည်ကို အပြစ်တင်သင့်သည်ဟု ထင်မှားမိခဲ့ကုန်၏”ဟု ပြောဆိုကြကုန်၏။

Atha kho bhagavato etadahosi: ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏ —

“atibāḷhaṁ kho ime māṇavakā ambaṭṭhaṁ māṇavaṁ dāsiputtavādena nimmādenti, yannūnāhaṁ parimoceyyan”ti. “ဤလုလင်တို့သည် အမ္ဗဋ္ဌလုလင်ကို ကျွန်မသားဟူသော စကားဖြင့် အပြင်းအထန် ဖိနှိပ်ကုန်၏၊ ငါသည် (အမ္ဗဋ္ဌကို ထိုဖိနှိပ်ခြင်းမှ) လွတ်မြောက်စေရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။

Atha kho bhagavā te māṇavake etadavoca: ထိုအခါ မြတ်စွာဘုရားသည် ထိုလုလင်တို့အား ဤစကားကို မိန့်တော်မူ၏—

“mā kho tumhe, māṇavakā, ambaṭṭhaṁ māṇavaṁ atibāḷhaṁ dāsiputtavādena nimmādetha. “လုလင်တို့ သင်တို့သည် အမ္ဗဋ္ဌလုလင်ကို ကျွန်မသားဟူသော စကားဖြင့် အပြင်းအထန် မဖိနှိပ်ကုန်လင့်၊

Uḷāro so kaṇho isi ahosi. ထိုကဏှသည် တန်ခိုးကြီးသော ရသေ့ဖြစ်ပေ၏၊

So dakkhiṇajanapadaṁ gantvā brahmamante adhīyitvā rājānaṁ okkākaṁ upasaṅkamitvā maddarūpiṁ dhītaraṁ yāci. ထို (ကဏှရသေ့) သည် ဒက္ခိဏဇနပုဒ်၁ သို့သွား၍ မြတ်သော မန္တန်တို့ကို သင်ပြီးလျှင် ဥက္ကာကမင်းသို့ ချဉ်းကပ်လျက် ‘မဒ္ဒရူပီ’ မည်သောသမီးတော်ကို တောင်း၏။

Tassa rājā okkāko: ဥက္ကာကမင်းသည်

‘ko nevaṁ re ayaṁ mayhaṁ dāsiputto samāno maddarūpiṁ dhītaraṁ yācatī’ti, kupito anattamano khurappaṁ sannayhi. ‘အချင်းတို့ ဤ (ကဏှ) သည် ငါ၏ကျွန်မသားဖြစ်လျက် သမီးတော်မဒ္ဒရူပီကိုအဘယ်ကြောင့် ဤသို့ တောင်းဘိသနည်း’ဟု ထို (ကဏှရသေ့) အား အမျက်ထွက်၍ နှလုံးမသာသည်ဖြစ်၍ မြားကို တင်၏။

So taṁ khurappaṁ neva asakkhi muñcituṁ, no paṭisaṁharituṁ. ထို (ဥက္ကာကမင်း) သည် ထိုမြားကို လွှတ်ခြင်းငှါလည်း မတတ်နိုင်၊ ရုပ်ခြင်းငှါလည်း မတတ်နိုင် ရှိနေလေ၏၊

Atha kho, māṇavakā, amaccā pārisajjā kaṇhaṁ isiṁ upasaṅkamitvā etadavocuṁ: လုလင်တို့ ထိုအခါ မှူးမတ်ပရိသတ်တို့သည် ကဏှရသေ့ထံချဉ်းကပ်၍

‘sotthi, bhaddante, hotu rañño; ‘အသျှင်ရသေ့ မင်းအား ချမ်းသာခြင်း ဖြစ်ပါစေလော့၊

sotthi, bhaddante, hotu rañño’ti. အသျှင်ရသေ့ မင်းအား ချမ်းသာခြင်းဖြစ်ပါစေလော့’ဟု ဆိုကုန်၏။

‘Sotthi bhavissati rañño, api ca rājā yadi adho khurappaṁ muñcissati, yāvatā rañño vijitaṁ, ettāvatā pathavī undriyissatī’ti. မင်းအား ချမ်းသာခြင်း ဖြစ်လတ္တံ့၊ သို့သော် မင်းသည် အကယ်၍ မြားကို အောက်သို့ လွှတ်အံ့၊ မင်း၏ နိုင်ငံတော်တစ်ဝန်းလုံး၌ မြေကြီးသည် ကြေမွ ပျက်စီးလတ္တံ့။

‘Sotthi, bhaddante, hotu rañño, sotthi janapadassā’ti. အသျှင်ရသေ့ မင်းအားလည်း ချမ်းသာခြင်း ဖြစ်ပါစေလော့၊ ဇနပုဒ် (တိုင်းနိုင်ငံ) အားလည်း ချမ်းသာခြင်းဖြစ်ပါစေလော။

‘Sotthi bhavissati rañño, sotthi janapadassa, api ca rājā yadi uddhaṁ khurappaṁ muñcissati, yāvatā rañño vijitaṁ, ettāvatā satta vassāni devo na vassissatī’ti. မင်းအားလည်း ချမ်းသာခြင်း ဖြစ်လတ္တံ့၊ ဇနပုဒ် (တိုင်းနိုင်ငံ) အားလည်း ချမ်းသာခြင်း ဖြစ်လတ္တံ့၊ သို့သော် မင်းသည် အကယ်၍ မြားကို အထက်သို့ လွှတ်အံ၊ မင်း၏ နိုင်ငံတော်တစ်ဝန်းလုံး၌ ခုနစ်နှစ်တိုင်တိုင် မိုးမရွာလတ္တံ့။

‘Sotthi, bhaddante, hotu rañño sotthi janapadassa devo ca vassatū’ti. အသျှင်ရသေ့ မင်းအားလည်း ချမ်းသာခြင်း ဖြစ်ပါစေလော့၊ ဇနပုဒ် (တိုင်းနိုင်ငံ) အားလည်း ချမ်းသာခြင်းဖြစ်ပါစေလော့၊ မိုးလည်း ရွာပါစေလော။

‘Sotthi bhavissati rañño sotthi janapadassa devo ca vassissati, api ca rājā jeṭṭhakumāre khurappaṁ patiṭṭhāpetu, sotthi kumāro pallomo bhavissatī’ti. မင်းအားလည်း ချမ်းသာခြင်း ဖြစ်လတ္တံ့၊ ဇနပုဒ် (တိုင်းနိုင်ငံ) အားလည်း ချမ်းသာခြင်း ဖြစ်လတ္တံ့၊ မိုးလည်း ရွာလတ္တံ့၊ သို့သော် မင်းသည် သားကြီး၌ မြားကို တည်စေလော့၊ မင်းသားသည်လည်းကြက်သီးမွေးညင်းမျှ မထမူ၍ ချမ်းသာသည်သာ ဖြစ်လတ္တံ့။

Atha kho, māṇavakā, amaccā okkākassa ārocesuṁ: လုလင်တို့ ထိုအခါ အမတ်တို့သည် ဥက္ကာက (မင်း) အား လျှောက်ထားကုန်၏—

‘okkāko jeṭṭhakumāre khurappaṁ patiṭṭhāpetu. Sotthi kumāro pallomo bhavissatī’ti. ‘ဥက္ကာက (မင်း) သည် သားကြီး၌ မြားကို တည်စေလော့ မင်းသားသည်လည်း ကြက်သီးမွေးညင်းမျှမထမူ၍ ချမ်းသာသည်သာ ဖြစ်လတ္တံ့ဟု ဆိုပါသည်’ ဟူ၍ လျှောက်ကုန်၏။

Atha kho rājā okkāko jeṭṭhakumāre khurappaṁ patiṭṭhapesi, sotthi kumāro pallomo samabhavi. ထိုအခါ ဥက္ကာကမင်းသည် သားကြီး၌ မြားကို တည်စေ၏၊ မင်းသားသည်လည်း ကြက်သီးမွေး ညင်းမျှမထမူ၍ ချမ်းသာသည်သာ ကောင်းစွာ ဖြစ်လေ၏၊

Atha kho tassa rājā okkāko bhīto saṁviggo lomahaṭṭhajāto brahmadaṇḍena tajjito maddarūpiṁ dhītaraṁ adāsi. ထိုအခါ ဥက္ကာကမင်းသည် မန္တန်လက်နက် ဖြင့်ခြိမ်းခြောက်ခံရသောကြောင့် ကြောက်ရွံ့ထိတ်လန့် ကြက်သီးမွေးညှင်းထသည်ဖြစ်၍ သမီးတော် မဒ္ဒရူပီကိုထို (ကဏှရသေ့) အား ပေးရ၏၊

Mā kho tumhe, māṇavakā, ambaṭṭhaṁ māṇavaṁ atibāḷhaṁ dāsiputtavādena nimmādetha, uḷāro so kaṇho isi ahosī”ti. လုလင်တို့ သင်တို့သည် အမ္ဗဋ္ဌလုလင်ကို ကျွန်မသားဟူသော စကားဖြင့်အပြင်းအထန် မဖိနှိပ်ကုန်လင့်၊ ထိုကဏှသည် တန်ခိုးကြီးသော ရသေ့ဖြစ်ပေ၏”ဟု မိန့်တော် မူ၏။

3. Khattiyaseṭṭhabhāva ၃။ မင်းမျိုးသည် မြင့်မြတ်သည့်အကြောင်း

Atha kho bhagavā ambaṭṭhaṁ māṇavaṁ āmantesi: ထိုအခါ မြတ်စွာဘုရားသည် အမ္ဗဋ္ဌလုလင်ကို ဤသို့ မိန့်တော်မူ၏—

“Taṁ kiṁ maññasi, ambaṭṭha, “အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊

idha khattiyakumāro brāhmaṇakaññāya saddhiṁ saṁvāsaṁ kappeyya, tesaṁ saṁvāsamanvāya putto jāyetha. ဤ (လောက) ၌ မင်းမျိုးသတို့သားသည် ပုဏ္ဏားမျိုး သတို့သမီးနှင့် အိမ်ထောင်ပြုရာ၏၊ ထိုသူတို့၏ အိမ်ထောင်ပြုခြင်းကို စွဲ၍ သားဖွား ရာ၏၊

Yo so khattiyakumārena brāhmaṇakaññāya putto uppanno, api nu so labhetha brāhmaṇesu āsanaṁ vā udakaṁ vā”ti? မင်းမျိုးသတို့သားနှင့် ပုဏ္ဏားမျိုးသတို့သမီးမှ ဖွားသော ထိုသားသည် ပုဏ္ဏားတို့ထံ၌ နေရာကိုလည်းကောင်းရေကိုလည်းကောင်း ရရာသလော”ဟု မိန့်တော်မူ၏။

“Labhetha, bho gotama”. အသျှင်ဂေါတမ ရရာပါ၏။

“Api nu naṁ brāhmaṇā bhojeyyuṁ saddhe vā thālipāke vā yaññe vā pāhune vā”ti? ပုဏ္ဏားတို့သည် ထိုသားအား ‘ကုဗ္ဘီး’[သေသူတို့ကို ရည်စူး၍ ပြုသော ထမင်းကျွေးပွဲ] ထမင်းကျွေးပွဲ၌လည်းကောင်း၊ မင်္ဂလာထမင်းကျွေးပွဲ၌လည်းကောင်း၊ ယဇ်ထမင်းကျွေးပွဲ၌လည်းကောင်း၊ ဧည့်ခံထမင်းကျွေးပွဲ၌လည်းကောင်း ကျွေးကုန်ရာသလော။

“Bhojeyyuṁ, bho gotama”. အသျှင်ဂေါတမ ကျွေးကုန်ရာပါ၏။

“Api nu naṁ brāhmaṇā mante vāceyyuṁ vā no vā”ti? ပုဏ္ဏားတို့သည် ထိုသားအား ဝေဒကျမ်းတို့ကို သင်ပေးကုန်ရာသလော့၊ သင်မပေးကုန်ရာသလော။

“Vāceyyuṁ, bho gotama”. အသျှင်ဂေါတမ သင်ပေးကုန်ရာပါ၏။

“Api nussa itthīsu āvaṭaṁ vā assa anāvaṭaṁ vā”ti? ထိုသားကို ပုဏ္ဏေးမ (တို့နှင့် လက်ထပ်ရေး) ၌ တားမြစ်ရာသလော့၊ မတားမြစ်ရာသလော။

“Anāvaṭaṁ hissa, bho gotama”. အသျှင်ဂေါတမ မတားမြစ်ရာပါ။

“Api nu naṁ khattiyā khattiyābhisekena abhisiñceyyun”ti? ထိုသားကို မင်းမျိုးတို့သည် မင်းမျိုးတို့၏ အဘိသိက်မင်္ဂလာ ပြုကုန်ရာသလော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ မပြုကုန်ရာပါ၊

“Taṁ kissa hetu”? အဘယ်ကြောင့်ဆိုသော် —

“Mātito hi, bho gotama, anupapanno”ti. အသျှင်ဂေါတမ (ထိုသားကား) အမိဘက်မှ (မင်းမျိုးသို့) မဝင်သောကြောင့်ပါတည်း။

“Taṁ kiṁ maññasi, ambaṭṭha, အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊

idha brāhmaṇakumāro khattiyakaññāya saddhiṁ saṁvāsaṁ kappeyya, tesaṁ saṁvāsamanvāya putto jāyetha. ဤ (လောက) ၌ ပုဏ္ဏားမျိုးသတို့သားသည် မင်းမျိုးသတို့သမီးနှင့် အိမ်ထောင်ပြုရာ၏၊ ထိုသူတို့၏ အိမ်ထောင်ပြုခြင်းကို စွဲ၍ သားဖွားရာ၏၊

Yo so brāhmaṇakumārena khattiyakaññāya putto uppanno, api nu so labhetha brāhmaṇesu āsanaṁ vā udakaṁ vā”ti? ပုဏ္ဏားမျိုး သတို့သားနှင့် မင်းမျိုးသတို့သမီးမှ ဖွားသော ထိုသားသည် ပုဏ္ဏားတို့ထံ၌ နေရာကိုလည်းကောင်း၊ ရေကိုလည်းကောင်း ရရာသလော။

“Labhetha, bho gotama”. အသျှင်ဂေါတမ ရရာပါ၏။

“Api nu naṁ brāhmaṇā bhojeyyuṁ saddhe vā thālipāke vā yaññe vā pāhune vā”ti? ပုဏ္ဏားတို့သည် ထိုသားအား ‘ကုဗ္ဘီး’[သေသူတို့ကို ရည်စူး၍ ပြုသော ထမင်းကျွေးပွဲ] ထမင်းကျွေးပွဲ၌လည်းကောင်း၊ မင်္ဂလာထမင်းကျွေးပွဲ၌လည်းကောင်း၊ ယဇ်ထမင်းကျွေးပွဲ၌လည်းကောင်း၊ ဧည့်ခံထမင်းကျွေးပွဲ၌လည်းကောင်း ကျွေးကုန်ရာသလော။

“Bhojeyyuṁ, bho gotama”. အသျှင်ဂေါတမ ကျွေးကုန်ရာပါ၏။

“Api nu naṁ brāhmaṇā mante vāceyyuṁ vā no vā”ti? ပုဏ္ဏားတို့သည် ထိုသားအား ဝေဒကျမ်းတို့ကို သင်ပေးကုန်ရာသလော့၊ သင်မပေးကုန်ရာသလော။

“Vāceyyuṁ, bho gotama”. အသျှင်ဂေါတမ သင်ပေးကုန်ရာပါ၏။

“Api nussa itthīsu āvaṭaṁ vā assa anāvaṭaṁ vā”ti? ထိုသားကို ပုဏ္ဏေးမ (တို့နှင့် လက်ထပ်ရေး) ၌ တားမြစ်ရာသလော့၊ မတားမြစ်ရာသလော။

“Anāvaṭaṁ hissa, bho gotama”. အသျှင်ဂေါတမ မတားမြစ်ရာပါ။

“Api nu naṁ khattiyā khattiyābhisekena abhisiñceyyun”ti? ထိုသားကို မင်းမျိုးတို့သည် မင်းမျိုးတို့၏ အဘိသိက်မင်္ဂလာ ပြုကုန်ရာသလော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ မပြုကုန်ရာပါ၊

“Taṁ kissa hetu”? အဘယ်ကြောင့်ဆိုသော် —

“Pitito hi, bho gotama, anupapanno”ti. အသျှင်ဂေါတမ (ထိုသားကား) အဖဘက်မှ (မင်းမျိုးသို့) မဝင်သောကြောင့်ပါတည်း။

“Iti kho, ambaṭṭha, itthiyā vā itthiṁ karitvā purisena vā purisaṁ karitvā khattiyāva seṭṭhā, hīnā brāhmaṇā. အမ္ဗဋ္ဌ ဤသို့လျှင် မိန်းမအချင်းချင်း နှိုင်းရှည့်သော်လည်းကောင်း၊ ယောကျာ်းအချင်းချင်း နှိုင်းရှည့်သော်လည်းကောင်း မင်းမျိုးတို့သာ မြတ်ကုန်၏၊ ပုဏ္ဏားမျိုးတို့သည် ယုတ်ကုန်၏။

Taṁ kiṁ maññasi, ambaṭṭha, အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊

idha brāhmaṇā brāhmaṇaṁ kismiñcideva pakaraṇe khuramuṇḍaṁ karitvā bhassapuṭena vadhitvā raṭṭhā vā nagarā vā pabbājeyyuṁ. ဤ (လောက) ၌ ပုဏ္ဏားတို့သည် ပုဏ္ဏားကို အပြစ်တစ်စုံတစ်ခုကြောင့် ဦးပြည်းရိတ်၍ ဦးခေါင်းထက် ပြာဖြူးပြီးလျှင် တိုင်းပြည်မှသော်လည်းကောင်း၊ မြို့မှသော်လည်းကောင်း နှင်ထုတ်ကုန်ရာ၏၊

Api nu so labhetha brāhmaṇesu āsanaṁ vā udakaṁ vā”ti? ထိုပုဏ္ဏားသည် ပုဏ္ဏားတို့ထံ၌ နေရာကိုလည်းကောင်း၊ ရေကိုလည်းကောင်း ရရာသလော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ မရရာပါ။

“Api nu naṁ brāhmaṇā bhojeyyuṁ saddhe vā thālipāke vā yaññe vā pāhune vā”ti? ပုဏ္ဏားတို့သည် ထိုပုဏ္ဏားအား ကုဗ္ဘီးထမင်းကျွေးပွဲ၌လည်းကောင်း၊ မင်္ဂလာထမင်းကျွေးပွဲ၌လည်းကောင်း၊ ယဇ်ထမင်းကျွေးပွဲ၌လည်းကောင်း၊ ဧည့်ခံထမင်းကျွေးပွဲ၌လည်းကောင်း ကျွေးကုန်ရာသလော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ မကျွေးကုန်ရာပါ။

“Api nu naṁ brāhmaṇā mante vāceyyuṁ vā no vā”ti? ပုဏ္ဏားတို့သည် ထို (ပုဏ္ဏား) အား ဝေဒကျမ်းတို့ကို သင်ပေးကုန်ရာသလော့၊ သင်မပေးကုန်ရာ သလော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ သင်မပေးကုန်ရာပါ။

“Api nussa itthīsu āvaṭaṁ vā assa anāvaṭaṁ vā”ti? ထိုပုဏ္ဏားကို ပုဏ္ဏေးမ (တို့နှင့် လက်ထပ်ရေး) ၌ တားမြစ်ရာသလော့၊ မတားမြစ်ရာသလော။

“Āvaṭaṁ hissa, bho gotama”. အသျှင်ဂေါတမ တားမြစ်ရာပါ၏။

“Taṁ kiṁ maññasi, ambaṭṭha, အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊

idha khattiyā khattiyaṁ kismiñcideva pakaraṇe khuramuṇḍaṁ karitvā bhassapuṭena vadhitvā raṭṭhā vā nagarā vā pabbājeyyuṁ. အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊ ဤ (လောက) ၌ မင်းမျိုးတို့သည် မင်းမျိုးဖြစ်သူကိုအပြစ် တစ်စုံ တစ်ခုကြောင့် ဦးပြည်းရိတ်၍ ဦးခေါင်းထက် ပြာဖြူးပြီးလျှင် တိုင်းပြည်မှသော်လည်းကောင်း၊ မြို့မှသော်လည်းကောင်း နှင်ထုတ်ကုန်ရာ၏၊

Api nu so labhetha brāhmaṇesu āsanaṁ vā udakaṁ vā”ti? ထိုသူသည် ပုဏ္ဏားတို့ထံ၌ နေရာကိုလည်းကောင်း၊ ရေကိုလည်းကောင်း ရရာသလော။

“Labhetha, bho gotama”. အသျှင်ဂေါတမ ရရာပါ၏။

“Api nu naṁ brāhmaṇā bhojeyyuṁ saddhe vā thālipāke vā yaññe vā pāhune vā”ti? ပုဏ္ဏားတို့သည် ထိုသူအား ကုဗ္ဘီးထမင်းကျွေးပွဲ၌လည်းကောင်း၊ မင်္ဂလာထမင်းကျွေးပွဲ၌လည်းကောင်း၊ ယဇ်ထမင်းကျွေးပွဲ၌လည်းကောင်း၊ ဧည့်ခံထမင်းကျွေးပွဲ၌လည်းကောင်း ကျွေးကုန်ရာသလော။

“Bhojeyyuṁ, bho gotama”. အသျှင်ဂေါတမ ကျွေးကုန်ရာပါ၏။

“Api nu naṁ brāhmaṇā mante vāceyyuṁ vā no vā”ti? ပုဏ္ဏားတို့သည် ထို (သူ) အား ဝေဒကျမ်းတို့ကို သင်ပေးကုန်ရာသလော့၊ သင်မပေးကုန်ရာသလော။

“Vāceyyuṁ, bho gotama”. အသျှင်ဂေါတမ သင်ပေးကုန်ရာပါ၏။

“Api nussa itthīsu āvaṭaṁ vā assa anāvaṭaṁ vā”ti? ထို (သူ) ကို ပုဏ္ဏေးမ (တို့နှင့်လက်ထပ်ရေး) ၌ တားမြစ်ရာသလော့၊ မတားမြစ်ရာသလော။

“Anāvaṭaṁ hissa, bho gotama”. အသျှင်ဂေါတမ မတားမြစ်ရာပါ။

“Ettāvatā kho, ambaṭṭha, khattiyo paramanihīnataṁ patto hoti, yadeva naṁ khattiyā khuramuṇḍaṁ karitvā bhassapuṭena vadhitvā raṭṭhā vā nagarā vā pabbājenti. အမ္ဗဋ္ဌ မင်းမျိုးတို့သည် ထိုမင်းမျိုးဖြစ်သူကို အပြစ်တစ်စုံတစ်ခုကြောင့် ဦးပြည်းရိတ်၍ဦးခေါင်းထက် ပြာဖြူးပြီးလျှင် တိုင်းပြည်မှသော်လည်းကောင်း၊ မြို့မှသော်လည်းကောင်း၊ နှင်ထုတ်ကုန်လတ် သော် ဤမျှဖြင့် ထိုသူသည် အလွန်ယုတ်သော အဖြစ်သို့ ရောက်၏၊

Iti kho, ambaṭṭha, yadā khattiyo paramanihīnataṁ patto hoti, tadāpi khattiyāva seṭṭhā, hīnā brāhmaṇā. အမ္ဗဋ္ဌမင်းမျိုးဖြစ်သူသည် ဤသို့ အလွန်ယုတ်သော အဖြစ်သို့ ရောက်သော အခါ၌လည်း မင်းမျိုးတို့သာမြတ်ကုန်၏၊ ပုဏ္ဏားမျိုးတို့သည် ယုတ်ကုန်၏။

Brahmunā pesā, ambaṭṭha, sanaṅkumārena gāthā bhāsitā: အမ္ဗဋ္ဌ သနင်္ကုမာရဗြဟ္မာသည်လည်း ဤဂါထာကို ဆို၏—

‘Khattiyo seṭṭho janetasmiṁ, “လူအပေါင်း၌ အကြင်သူတို့သည် အမျိုးအနွယ်ကို အားကိုးလေ့ရှိကုန်၏၊ (ထိုသူတို့တွင်) မင်းမျိုးသည်မြတ်၏၊

ye gottapaṭisārino; လူအပေါင်း၌ အကြင်သူတို့သည် အမျိုးအနွယ်ကို အားကိုးလေ့ရှိကုန်၏၊

Vijjācaraṇasampanno, နတ်လူအပေါင်း၌ (အကြင်သူသည်) အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံ၏၊

so seṭṭho devamānuse’ti. (နတ်လူအပေါင်း၌) ထိုသူသည် မြတ်၏”ဟု ဆို၏။

Sā kho panesā, ambaṭṭha, brahmunā sanaṅkumārena gāthā sugītā no duggītā, subhāsitā no dubbhāsitā, atthasaṁhitā no anatthasaṁhitā, anumatā mayā. အမ္ဗဋ္ဌ သနင်္ကုမာရ ဗြဟ္မာသည်လည်း ထိုဂါထာကို ကောင်းစွာ သီဆိုပေ၏၊ မကောင်းသဖြင့် သီဆိုသည် မဟုတ်ပေ၊ ကောင်းစွာ ရွတ်ဆိုပေ၏၊ မကောင်းသဖြင့် ရွတ်ဆိုသည် မဟုတ်ပေ၊ အကျိုးနှင့် စပ်ပေ၏၊ အကျိုးနှင့် မစပ်သည် မဟုတ်ပေ၊ ငါသဘောတူ၏၊

Ahampi hi, ambaṭṭha, evaṁ vadāmi—အမ္ဗဋ္ဌ ငါသည်လည်း ဤအတူပင် ဆို၏—

Khattiyo seṭṭho janetasmiṁ, “လူအပေါင်း၌ အကြင်သူတို့သည် အမျိုးအနွယ်ကို အားကိုးလေ့ရှိကုန်၏၊ (ထိုသူတို့တွင်) မင်းမျိုးသည်မြတ်၏၊

ye gottapaṭisārino; လူအပေါင်း၌ အကြင်သူတို့သည် အမျိုးအနွယ်ကို အားကိုးလေ့ရှိကုန်၏၊

Vijjācaraṇasampanno, နတ်လူအပေါင်း၌ (အကြင်သူသည်) အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံ၏၊

so seṭṭho devamānuse”ti. (နတ်လူအပေါင်း၌) ထိုသူသည် မြတ်၏”ဟု ဆို၏။

Bhāṇavāro paṭhamo. ပဌမ ဘာဏဝါရ ပြီး၏။

4. Vijjācaraṇakathā ၄။ အသိဉာဏ် "ဝိဇ္ဇာ" နှင့် အကျင့် "စရဏ" အကြောင်း

“Katamaṁ pana taṁ, bho gotama, caraṇaṁ, katamā ca pana sā vijjā”ti? အသျှင်ဂေါတမ ထိုအကျင့် ‘စရဏ’ ကား အဘယ်နည်း၊ ထိုအသိဉာဏ် ‘ဝိဇ္ဇာ’ ကား အဘယ်နည်း။

“Na kho, ambaṭṭha, anuttarāya vijjācaraṇasampadāya jātivādo vā vuccati, gottavādo vā vuccati, mānavādo vā vuccati: အမ္ဗဋ္ဌ အတုမရှိသော အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံမှု၌ ဇာတ်ကို စွဲ၍ ဖြစ်သော စကားကိုလည်း မဆိုသင်၊ အနွယ်ကို စွဲ၍ ဖြစ်သောစကားကိုလည်း မဆိုသင့်၊ မာန်ကို စွဲ၍ ဖြစ်သော စကားကိုလည်း မဆိုသင့်၊—

‘arahasi vā maṁ tvaṁ, na vā maṁ tvaṁ arahasī’ti. “သင်သည် ငါနှင့် တန်၏၊ သင်သည် ငါနှင့် မတန်”ဟု မဆိုသင့်

Yattha kho, ambaṭṭha, āvāho vā hoti, vivāho vā hoti, āvāhavivāho vā hoti, etthetaṁ vuccati jātivādo vā itipi gottavādo vā itipi mānavādo vā itipi: အမ္ဗဋ္ဌ သမီးဆောင်ယူ၍ထိမ်းမြားခြင်း သမီးပေး၍ ထိမ်းမြားခြင်း သမီးဆောင်ယူ သမီးပေး၍ ထိမ်းမြားခြင်းရှိသော ဤလူတို့ဘောင်၌

‘arahasi vā maṁ tvaṁ, na vā maṁ tvaṁ arahasī’ti. “သင်သည် ငါနှင့် တန်၏၊ သင်သည် ငါနှင့် မတန်”ဟု ဇာတ်ကို စွဲ၍ ဖြစ်သော ဤစကားကိုလည်း ဆိုသင့်၏၊ အနွယ်ကို စွဲ၍ ဖြစ်သော ဤစကားကိုလည်း ဆိုသင့်၏၊ မာန်ကို စွဲ၍ ဖြစ်သောဤ စကားကိုလည်း ဆိုသင့်၏၊

Ye hi keci, ambaṭṭha, jātivādavinibaddhā vā gottavādavinibaddhā vā mānavādavinibaddhā vā āvāhavivāhavinibaddhā vā, ārakā te anuttarāya vijjācaraṇasampadāya. အမ္ဗဋ္ဌ အကြင်သူတို့သည် ဇာတ်ကို စွဲ၍ ဖြစ်သော စကား၌လည်းစွဲလမ်း ကုန်၏၊ အနွယ်ကို စွဲ၍ ဖြစ်သော စကား၌လည်း စွဲလမ်းကုန်၏၊ မာန်ကို စွဲ၍ ဖြစ်သောစကား၌လည်း စွဲလမ်းကုန်၏၊ သမီးဆောင်ယူ၍ ထိမ်းမြားခြင်း သမီးပေး၍ ထိမ်းမြားခြင်း၌လည်းစွဲလမ်းကုန်၏၊ ထိုသူတို့သည် အတုမရှိသော အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံမှုမှ ဝေးကုန်၏၊

Pahāya kho, ambaṭṭha, jātivādavinibaddhañca gottavādavinibaddhañca mānavādavinibaddhañca āvāhavivāhavinibaddhañca anuttarāya vijjācaraṇasampadāya sacchikiriyā hotī”ti. အမ္ဗဋ္ဌ ဇာတ် ကို စွဲ၍ ဖြစ်သော စကား၌ စွဲလမ်းခြင်းကိုလည်းကောင်း၊ အနွယ်ကို စွဲ၍ ဖြစ်သော စကား၌စွဲလမ်းခြင်း ကိုလည်းကောင်း၊ မာန်ကို စွဲ၍ ဖြစ်သောစကား၌ စွဲလမ်းခြင်းကိုလည်းကောင်း၊ သမီးဆောင်ယူ၍ ထိမ်းမြားခြင်း သမီးပေး၍ ထိမ်းမြားခြင်း၌ စွဲလမ်းခြင်းကိုလည်းကောင်း ပယ်မှသာလျှင် အတုမရှိသော အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံမှုကို မျက်မှောက်ပြုနိုင်၏။

“Katamaṁ pana taṁ, bho gotama, caraṇaṁ, katamā ca sā vijjā”ti? အသျှင်ဂေါတမ ထိုအကျင့် ‘စရဏ’ ကား အဘယ်နည်း၊ ထိုအသိဉာဏ် ‘ဝိဇ္ဇာ’ ကား အဘယ်နည်း။

“Idha, ambaṭṭha, tathāgato loke uppajjati arahaṁ sammāsambuddho vijjācaraṇasampanno sugato lokavidū anuttaro purisadammasārathi satthā devamanussānaṁ buddho bhagavā. အမ္ဗဋ္ဌ ပူဇော် (အထူး) ကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အသိဥာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော ကောင်းသော စကားကို ဆိုတော်မူတတ်သော လောကကို သိတော်မူသော ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသောနတ်လူတို့၏ ဆရာဖြစ်တော်မူသော သစ္စာလေးပါးတရားကို သိစေတော်မူသော ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။

So imaṁ lokaṁ sadevakaṁ samārakaṁ sabrahmakaṁ sassamaṇabrāhmaṇiṁ pajaṁ sadevamanussaṁ sayaṁ abhiññā sacchikatvā pavedeti. ထိုမြတ်စွာဘုရားသည်နတ်နှင့်တကွသော မာရ်နတ်နှင့် တကွသော ဗြဟ္မာနှင့် တကွသော ဤလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏတို့နှင့် တကွသော မင်းများ လူများနှင့် တကွသော သတ္တဝါ အပေါင်းကိုလည်းကောင်းကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြား တော်မူ၏၊

So dhammaṁ deseti ādikalyāṇaṁ majjhekalyāṇaṁ pariyosānakalyāṇaṁ sātthaṁ sabyañjanaṁ kevalaparipuṇṇaṁ parisuddhaṁ brahmacariyaṁ pakāseti. ထိုမြတ်စွာဘုရားသည်အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသောသဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံ သော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။

Taṁ dhammaṁ suṇāti gahapati vā gahapatiputto vā aññatarasmiṁ vā kule paccājāto. ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ့်သားသည်လည်းကောင်း၊ အခြားဇာတ် တစ်မျိုးမျိုး၌ဖြစ်သော သူသည်လည်းကောင်း ကြားနာရ၏၊

So taṁ dhammaṁ sutvā tathāgate saddhaṁ paṭilabhati. ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍ မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊

So tena saddhāpaṭilābhena samannāgato iti paṭisañcikkhati …pe… ထိုသူသည် ယုံကြည်မှုကို ရသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏ —

So vivicceva kāmehi, vivicca akusalehi dhammehi, savitakkaṁ savicāraṁ vivekajaṁ pītisukhaṁ paṭhamaṁ jhānaṁ upasampajja viharati …pe… ထို (ရဟန်း) သည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော ‘နီဝရဏ’ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ရောက်၍ နေ၏၊..ပ။

idampissa hoti caraṇasmiṁ. ဤသည်လည်း ထို (ရဟန်း)၏ အကျင့် ‘စရဏ’ ပေတည်း။

Puna caparaṁ, ambaṭṭha, bhikkhu vitakkavicārānaṁ vūpasamā ajjhattaṁ sampasādanaṁ cetaso ekodibhāvaṁ avitakkaṁ avicāraṁ samādhijaṁ pītisukhaṁ dutiyaṁ jhānaṁ upasampajja viharati …pe… အမ္ဗဋ္ဌ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ပ။

idampissa hoti caraṇasmiṁ. ဤသည်လည်း ထို (ရဟန်း)၏အကျင့် ‘စရဏ’ ပေတည်း။

Puna caparaṁ, ambaṭṭha, bhikkhu pītiyā ca virāgā upekkhako ca viharati sato ca sampajāno, sukhañca kāyena paṭisaṁvedeti, yaṁ taṁ ariyā ācikkhanti: ‘upekkhako satimā sukhavihārī’ti, tatiyaṁ jhānaṁ upasampajja viharati …pe… အမ္ဗဋ္ဌ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့်သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့်ခံစား၏၊ အကြင် တတိယဈာန်ကြောင့် ထိုသူကို ‘လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူ’ဟုအရိယာ (ပုဂ္ဂိုလ်) တို့သည် ပြောကြားကုန်၏၊ (ရဟန်းသည်) ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ပ။

idampissa hoti caraṇasmiṁ. ဤသည်လည်း ထို (ရဟန်း)၏ အကျင့် ‘စရဏ’ ပေတည်း။

Puna caparaṁ, ambaṭṭha, bhikkhu sukhassa ca pahānā dukkhassa ca pahānā, pubbeva somanassadomanassānaṁ atthaṅgamā adukkhamasukhaṁ upekkhāsatipārisuddhiṁ catutthaṁ jhānaṁ upasampajja viharati …pe… အမ္ဗဋ္ဌ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း ရှေးဦးကပင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ပ။

idampissa hoti caraṇasmiṁ. ဤသည်လည်း ထို (ရဟန်း)၏အကျင့် ‘စရဏ’ ပေတည်း။

Idaṁ kho taṁ, ambaṭṭha, caraṇaṁ. အမ္ဗဋ္ဌ ဤ (လေးမျိုးသောဈာန်) သည် ထို (မူလကငါဆိုခဲ့သော) အကျင့် ‘စရဏ’ ပင်တည်း။

So evaṁ samāhite citte parisuddhe pariyodāte anaṅgaṇe vigatūpakkilese mudubhūte kammaniye ṭhite āneñjappatte ñāṇadassanāya cittaṁ abhinīharati abhininnāmeti …pe… ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် ဝိပဿနာဉာဏ်အမြင် အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏။ပ။

idampissa hoti vijjāya …pe… ဤသည်လည်း ထို (ရဟန်း)၏ အသိဉာဏ် ‘ဝိဇ္ဇာ’ ပေတည်း။ပ။[သာမညဖလသုတ် အပိုဒ် ၂၃၇—မှစ၍ အပိုဒ် ၂၅ဝ—အပိုဒ်ခွဲ ၃ အဆုံးအထိ ဖော်လေ။]

nāparaṁ itthattāyāti pajānāti, ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏၊

idampissa hoti vijjāya. ဤသည်လည်း ထို (ရဟန်း)၏အသိဉာဏ် ‘ဝိဇ္ဇာ’ ပေတည်း။

Ayaṁ kho sā, ambaṭṭha, vijjā. အမ္ဗဋ္ဌ ဤ (ရှစ်မျိုးသော ပညာ) သည် ထို (မူလက ငါဆိုခဲ့သော) အသိဉာဏ် ‘ဝိဇ္ဇာ’ ပင်တည်း။

Ayaṁ vuccati, ambaṭṭha, bhikkhu ‘vijjāsampanno’ itipi, ‘caraṇasampanno’ itipi, ‘vijjācaraṇasampanno’ itipi. အမ္ဗဋ္ဌ ဤရဟန်းကို အသိဉာဏ် ‘ဝိဇ္ဇာ’ နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ အကျင့် ‘စရဏ’ နှင့် ပြည့်စုံသူဟူ၍လည်းကောင်း၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံသူဟူ၍လည်းကောင်း ဆိုအပ်၏၊

Imāya ca, ambaṭṭha, vijjāsampadāya caraṇasampadāya ca aññā vijjāsampadā ca caraṇasampadā ca uttaritarā vā paṇītatarā vā natthi. အမ္ဗဋ္ဌဤအသိဉာဏ် ‘ဝိဇ္ဇာ’ နှင့် ပြည့်စုံမှုမှလည်းကောင်း၊ ဤအကျင့် ‘စရဏ’ နှင့် ပြည့်စုံမှုမှလည်းကောင်း၊ တစ်ပါးသော လွန်ကဲထူးမြတ်သော အသိဉာဏ် ‘ဝိဇ္ဇာ’ နှင့် ပြည့်စုံမှုသည်လည်းကောင်း အကျင့် ‘စရဏ’ နှင့် ပြည့်စုံမှုသည်လည်းကောင်း မရှိတော့ပြီ။

5. Catuapāyamukha ၅။ ပျက်စီးကြောင်း လေးပါး

Imāya kho, ambaṭṭha, anuttarāya vijjācaraṇasampadāya cattāri apāyamukhāni bhavanti. အမ္ဗဋ္ဌ အတုမရှိသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံမှု၏ ပျက်စီးကြောင်းတို့သည် လေးပါးရှိကုန်၏၊

Katamāni cattāri? လေးပါးတို့ကား အဘယ်နည်း—

Idha, ambaṭṭha, ekacco samaṇo vā brāhmaṇo vā imaññeva anuttaraṁ vijjācaraṇasampadaṁ anabhisambhuṇamāno khārividhamādāya araññāyatanaṁ ajjhogāhati: အမ္ဗဋ္ဌဤ (လောက) ၌ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း အတုမရှိသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံခြင်းသို့ မရောက်နိုင်သည် ဖြစ်၍ ထမ်းပိုးဖြင့် ရသေ့ပရိက္ခရာတို့ကို ယူဆောင်လျက် (တောအုပ်သို့ ဝင်၏၊)

‘pavattaphalabhojano bhavissāmī’ti. “ကြွေကျသော သစ်သီးကိုသာ စားသူဖြစ်တော့အံ့”ဟုတောအုပ်သို့ ဝင်၏၊

So aññadatthu vijjācaraṇasampannasseva paricārako sampajjati. စင်စစ်သော်ကား ထိုသူသည် အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံသူ၏အလုပ်အကျွေးမျှသာလျှင် ဖြစ်၏၊

Imāya kho, ambaṭṭha, anuttarāya vijjācaraṇasampadāya idaṁ paṭhamaṁ apāyamukhaṁ bhavati. အမ္ဗဋ္ဌ ဤကား အတုမရှိသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့်ပြည့်စုံမှု၏ ရှေးဦးစွာသော ပျက်စီးကြောင်းပေတည်း။

Puna caparaṁ, ambaṭṭha, idhekacco samaṇo vā brāhmaṇo vā imañceva anuttaraṁ vijjācaraṇasampadaṁ anabhisambhuṇamāno pavattaphalabhojanatañca anabhisambhuṇamāno kudālapiṭakaṁ ādāya araññavanaṁ ajjhogāhati: အမ္ဗဋ္ဌ တစ်ဖန် ထို့ပြင်လည်း ဤ (လောက) ၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ အတုမရှိသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံခြင်းသို့လည်းမရောက် နိုင်သည် ဖြစ်၍ ကြွေကျသော သစ်သီးကိုသာ စားသူအဖြစ်သို့လည်း မရောက်နိုင်သည်ဖြစ်၍ပေါက်တူးခြင်းတောင်းကိုယူဆောင်လျက် (တောသို့ ဝင်၏၊)

‘kandamūlaphalabhojano bhavissāmī’ti. “သစ်ဖု သစ်မြစ် သစ်သီးကိုသာ စားသူ ဖြစ်တော့အံ့”ဟုတောသို့ ဝင်၏၊

So aññadatthu vijjācaraṇasampannasseva paricārako sampajjati. စင်စစ်သော်ကား ထိုသူသည် အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံသူ၏အလုပ်အကျွေးမျှသာလျှင် ဖြစ်၏၊

Imāya kho, ambaṭṭha, anuttarāya vijjācaraṇasampadāya idaṁ dutiyaṁ apāyamukhaṁ bhavati. အမ္ဗဋ္ဌ ဤကား အတုမရှိသောဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံမှု၏ နှစ်ခု မြောက်သော ပျက်စီးကြောင်းပေတည်း။

Puna caparaṁ, ambaṭṭha, idhekacco samaṇo vā brāhmaṇo vā imañceva anuttaraṁ vijjācaraṇasampadaṁ anabhisambhuṇamāno pavattaphalabhojanatañca anabhisambhuṇamāno kandamūlaphalabhojanatañca anabhisambhuṇamāno gāmasāmantaṁ vā nigamasāmantaṁ vā agyāgāraṁ karitvā aggiṁ paricaranto acchati. အမ္ဗဋ္ဌ တစ်ဖန် ထို့ပြင်လည်း ဤ (လောက) ၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ အတုမရှိသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံခြင်းသို့လည်း မရောက်နိုင်သည် ဖြစ်၍ ကြွေကျသော သစ်သီးကိုသာ စားသူအဖြစ်သို့လည်း မရောက်နိုင်သည် ဖြစ်၍ သစ်ဖု သစ်မြစ် သစ်သီးကိုသာ စားသူအဖြစ်သို့လည်း မရောက်နိုင်သည်ဖြစ်၍ ရွာ၏အနီး၌လည်းကောင်း၊ နိဂုံး၏အနီး၌လည်းကောင်း မီးပူဇော်ရာ အိမ်ကို ဆောက်၍ မီးကို လုပ်ကျွေးလျက် နေ၏၊

So aññadatthu vijjācaraṇasampannasseva paricārako sampajjati. စင်စစ်သော်ကား ထိုသူသည် အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံသူ၏အလုပ်အကျွေးမျှသာလျှင် ဖြစ်၏၊

Imāya kho, ambaṭṭha, anuttarāya vijjācaraṇasampadāya idaṁ tatiyaṁ apāyamukhaṁ bhavati. အမ္ဗဋ္ဌ ဤကား အတုမရှိသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံမှု၏ သုံးခုမြောက်သော ပျက်စီးကြောင်းပေတည်း။

Puna caparaṁ, ambaṭṭha, idhekacco samaṇo vā brāhmaṇo vā imaṁ ceva anuttaraṁ vijjācaraṇasampadaṁ anabhisambhuṇamāno pavattaphalabhojanatañca anabhisambhuṇamāno kandamūlaphalabhojanatañca anabhisambhuṇamāno aggipāricariyañca anabhisambhuṇamāno cātumahāpathe catudvāraṁ agāraṁ karitvā acchati: အမ္ဗဋ္ဌ တစ်ဖန် ထို့ပြင်လည်း ဤ (လောက) ၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ အတုမရှိသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံခြင်းသို့လည်း မရောက်နိုင်သည်ဖြစ်၍ ကြွေကျသော သစ်သီးကိုသာ စားသူအဖြစ်သို့လည်း မရောက်နိုင်သည်ဖြစ်၍ သစ်ဖုသစ်မြစ် သစ်သီးကိုသာ စားသူအဖြစ်သို့လည်း မရောက်နိုင်သည်ဖြစ်၍ မီးကို လုပ်ကျွေးသူ၏ အဖြစ်သို့လည်း မရောက်နိုင်သည် ဖြစ်၍

‘yo imāhi catūhi disāhi āgamissati samaṇo vā brāhmaṇo vā, tamahaṁ yathāsatti yathābalaṁ paṭipūjessāmī’ti. “အရပ်လေးမျက်နှာတို့မှ လာသောသမဏဗြာဟ္မဏကို ငါသည်စွမ်းအားရှိသလောက် ပူဇော်အံ့”ဟု လမ်းလေးခွအဆုံ၌ တံခါးပေါက်လေးခုရှိသော အိမ်ကို ဆောက်လျက် နေ၏၊

So aññadatthu vijjācaraṇasampannasseva paricārako sampajjati. စင်စစ်သော်ကား ထိုသူသည် အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံသူ၏အလုပ်အကျွေးမျှသာလျှင် ဖြစ်၏၊

Imāya kho, ambaṭṭha, anuttarāya vijjācaraṇasampadāya idaṁ catutthaṁ apāyamukhaṁ bhavati. အမ္ဗဋ္ဌ ဤကား အတုမရှိသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့်ပြည့်စုံမှု၏ လေးခုမြောက်သော ပျက်စီးကြောင်းပေတည်း။

Imāya kho, ambaṭṭha, anuttarāya vijjācaraṇasampadāya imāni cattāri apāyamukhāni bhavanti. အမ္ဗဋ္ဌ အတုမရှိသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံမှု၏ ပျက်စီးကြောင်းတို့သည်ဤလေးပါးတို့ပင် ဖြစ်ကုန်၏၊

Taṁ kiṁ maññasi, ambaṭṭha, အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊

api nu tvaṁ imāya anuttarāya vijjācaraṇasampadāya sandissasi sācariyako”ti? ဆရာနှင့်တကွသော သင်သည် အတုမရှိ သောဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံမှုကို ရပါ၏လော။

“No hidaṁ, bho gotama. အသျှင်ဂေါတမ မရပါ၊

Kocāhaṁ, bho gotama, sācariyako, kā ca anuttarā vijjācaraṇasampadā? အသျှင်ဂေါတမ ဆရာနှင့်တကွသော အကျွန်ုပ်သည် အဘယ်သို့သောသူ့ဖြစ်ပါသနည်း၊ အတုမရှိသော အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံမှုဟူသည် အဘယ်သို့သော အရာဖြစ်ပါသနည်း၊

Ārakāhaṁ, bho gotama, anuttarāya vijjācaraṇasampadāya sācariyako”ti. အသျှင်ဂေါတမ ဆရာနှင့်တကွသော အကျွန်ုပ်သည် အတုမရှိသော အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့်ပြည့်စုံမှုမှ ဝေးပါသေး၏။

“Taṁ kiṁ maññasi, ambaṭṭha, အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊

api nu tvaṁ imañceva anuttaraṁ vijjācaraṇasampadaṁ anabhisambhuṇamāno khārividhamādāya araññavanamajjhogāhasi sācariyako: အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊ ဆရာနှင့်တကွသော သင်သည် အတုမရှိသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံခြင်းသို့ မရောက်နိုင်သည် ဖြစ်၍

‘pavattaphalabhojano bhavissāmī’”ti? “ကြွေကျသော သစ်သီးကိုသာ စားသူ ဖြစ်တော့အံ့”ဟု ထမ်းပိုးဖြင့် ရသေ့ပရိက္ခရာတို့ကို ယူဆောင်လျက် တောသို့ ဝင်၏လော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ မဝင်ပါ။

“Taṁ kiṁ maññasi, ambaṭṭha, အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊

api nu tvaṁ imañceva anuttaraṁ vijjācaraṇasampadaṁ anabhisambhuṇamāno pavattaphalabhojanatañca anabhisambhuṇamāno kudālapiṭakaṁ ādāya araññavanamajjhogāhasi sācariyako: ဆရာနှင့် တကွသော သင်သည် အတုမရှိသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံခြင်းသို့လည်း မရောက်နိုင်သည် ဖြစ်၍ ကြွေကျသောသစ်သီး ကိုသာ စားသူအဖြစ်သို့လည်း မရောက်နိုင်သည် ဖြစ်၍

‘kandamūlaphalabhojano bhavissāmī’”ti? “သစ်ဖု သစ်မြစ် သစ်သီးကိုသာစားသူဖြစ်တော့ အံ့”ဟု ပေါက်တူးခြင်းတောင်းကို ယူဆောင်လျက် တောသို့ ဝင်၏လော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ မဝင်ပါ။

“Taṁ kiṁ maññasi, ambaṭṭha, အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊

api nu tvaṁ imañceva anuttaraṁ vijjācaraṇasampadaṁ anabhisambhuṇamāno pavattaphalabhojanatañca anabhisambhuṇamāno kandamūlaphalabhojanatañca anabhisambhuṇamāno gāmasāmantaṁ vā nigamasāmantaṁ vā agyāgāraṁ karitvā aggiṁ paricaranto acchasi sācariyako”ti? အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊ ဆရာနှင့် တကွသော သင်သည် အတုမရှိသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံခြင်းသို့လည်း မရောက်နိုင်သည် ဖြစ်၍ ကြွေကျသောသစ်သီး ကိုသာ စားသူအဖြစ်သို့လည်း မရောက်နိုင်သည်ဖြစ်၍ သစ်ဖု သစ်မြစ် သစ်သီးကိုသာစားသူအဖြစ်သို့ လည်း မရောက်နိုင်သည်ဖြစ်၍ ရွာ၏ အနီး၌လည်းကောင်း၊ နိဂုံး၏ အနီး၌လည်းကောင်းမီးပူဇော်ရန် အိမ်ကို ဆောက်၍ မီးကို လုပ်ကျွေးလျက် နေ၏လော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ မနေပါ။

“Taṁ kiṁ maññasi, ambaṭṭha, အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊

api nu tvaṁ imañceva anuttaraṁ vijjācaraṇasampadaṁ anabhisambhuṇamāno pavattaphalabhojanatañca anabhisambhuṇamāno kandamūlaphalabhojanatañca anabhisambhuṇamāno aggipāricariyañca anabhisambhuṇamāno cātumahāpathe catudvāraṁ agāraṁ karitvā acchasi sācariyako: အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊ ဆရာနှင့် တကွသော သင်သည် အတုမရှိသော ဤအသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံခြင်းသို့လည်း မရောက်နိုင်သည်ဖြစ်၍ ကြွေကျသော သစ်သီးကိုသာ စားသူအဖြစ်သို့လည်း မရောက်နိုင်သည်ဖြစ်၍ သစ်ဖု သစ်မြစ် သစ်သီးကိုသာ စားသူအဖြစ်သို့လည်း မရောက်နိုင်သည်ဖြစ်၍ မီးကို လုပ်ကျွေးသူ၏ အဖြစ်သို့လည်း မရောက်နိုင်သည် ဖြစ်၍

‘yo imāhi catūhi disāhi āgamissati samaṇo vā brāhmaṇo vā, taṁ mayaṁ yathāsatti yathābalaṁ paṭipūjessāmā’”ti? “ဤအရပ်လေးမျက်နှာတို့မှ လာသောသမဏဗြာဟ္မဏကို ငါသည် စွမ်းအားရှိသလောက် ပူဇော်အံ့”ဟုလမ်းလေးခွ အဆုံ၌ တံခါးပေါက်လေးခု ရှိသော အိမ်ကို ဆောက်လျက် နေ၏လော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ မနေပါ။

“Iti kho, ambaṭṭha, imāya ceva tvaṁ anuttarāya vijjācaraṇasampadāya parihīno sācariyako. အမ္ဗဋ္ဌ ဤသို့လျှင် ဆရာနှင့် တကွသော သင်သည် အတုမရှိသော ဤ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံမှုမှလည်း ယုတ်လျော့၏၊

Ye cime anuttarāya vijjācaraṇasampadāya cattāri apāyamukhāni bhavanti, tato ca tvaṁ parihīno sācariyako. အတုမရှိသော ဤ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံမှု၏ ထိုပျက်စီးကြောင်းလေးပါးတို့မှလည်း ယုတ်လျော့၏၊

Bhāsitā kho pana te esā, ambaṭṭha, ācariyena brāhmaṇena pokkharasātinā vācā: အမ္ဗဋ္ဌ သင်၏ ဆရာပေါက္ခရသာတိပုဏ္ဏားသည် (စကားကို ဆိုခဲ့ဘိ၏၊)

‘ke ca muṇḍakā samaṇakā ibbhā kaṇhā bandhupādāpaccā, kā ca tevijjānaṁ brāhmaṇānaṁ sākacchā’ti attanā āpāyikopi aparipūramāno. ပျက်စီးကြောင်းတရားကိုမှ ကိုယ်တိုင် မဖြည့်စွမ်းနိုင်ဘဲလျက် “ဇာတ်နိမ့်ဖြစ်ကုန်သော မည်းညစ်ကုန်သော ဗြဟ္မာ၏ ခြေဖမိုးမှ ပေါက်ဖွားကုန်သော ဦးပြည်းရဟန်းညံ့တို့သည်အဘယ်သို့သော သူများဖြစ်ကုန်သနည်း၊ (ထိုသူတို့နှင့်) ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ ဆွေးနွေးခြင်းသည် အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း” ဟူသော စကားကို ဆိုခဲ့ဘိ၏၊

Passa, ambaṭṭha, yāva aparaddhañca te idaṁ ācariyassa brāhmaṇassa pokkharasātissa. အမ္ဗဋ္ဌ သင့်ဆရာ ပေါက္ခရသာတိပုဏ္ဏား၏ ဤမျှလောက်သော ချွတ်ယွင်းချက်ကိုလည်း ရှုလော။

6. Pubbakaisibhāvānuyoga ၆။ ရှေး၌ဖြစ်သော ရသေ့တို့အကြောင်းကို မေးမြန်းခြင်း

Brāhmaṇo kho pana, ambaṭṭha, pokkharasāti rañño pasenadissa kosalassa dattikaṁ bhuñjati. အမ္ဗဋ္ဌ ပေါက္ခရသာတိပုဏ္ဏားသည် ပသေနဒီကောသလမင်း ပေးသော စည်းစိမ်ကို ခံစား၏၊

Tassa rājā pasenadi kosalo sammukhībhāvampi na dadāti. ထို (ပေါက္ခရသာတိပုဏ္ဏား) အား ပသေနဒီကောသလမင်းသည် မျက်နှာချင်းဆိုင်ခွင့်ကိုလည်း မပေး၊

Yadāpi tena manteti, tirodussantena manteti. ထို (ပေါက္ခရသာတိပုဏ္ဏား) နှင့် တိုင်ပင်သော အခါ၌လည်း ကန့်လန့်ကာခြား၍ တိုင်ပင်၏၊

Yassa kho pana, ambaṭṭha, dhammikaṁ payātaṁ bhikkhaṁ paṭiggaṇheyya, kathaṁ tassa rājā pasenadi kosalo sammukhībhāvampi na dadeyya. အမ္ဗဋ္ဌ တရားနှင့်အညီ ပေးထားသော ရိက္ခာတော်ကို ခံယူရသူအား ပသေနဒီကောသလမင်းသည် အဘယ်ကြောင့် မျက်နှာချင်းဆိုင်ခွင့်ကိုလည်း မပေးဘိသနည်း၊

Passa, ambaṭṭha, yāva aparaddhañca te idaṁ ācariyassa brāhmaṇassa pokkharasātissa. အမ္ဗဋ္ဌ သင့်ဆရာ ပေါက္ခရသာတိပုဏ္ဏား၏ ဤမျှလောက်သော ချွတ်ယွင်းချက်ကိုလည်း ရှုလော။

Taṁ kiṁ maññasi, ambaṭṭha, အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊

idha rājā pasenadi kosalo hatthigīvāya vā nisinno assapiṭṭhe vā nisinno rathūpatthare vā ṭhito uggehi vā rājaññehi vā kiñcideva mantanaṁ manteyya. ဤ (လောက) ၌ ပသေနဒီကောသလ မင်းသည်ဆင်လည်ထက်၌ နေလျက်သော်လည်းကောင်း၊ မြင်းကျောက်ကုန်းထက်၌ နေလျက်သော်လည်းကောင်း၊ ရထားခင်းနှီးထက်၌ တည်လျက်သော်လည်းကောင်း ထင်ရှားသော အမတ်တို့နှင့်ဖြစ်စေ၊ မင်းညီမင်းသားတို့နှင့်ဖြစ်စေ တစ်စုံ တစ်ခုသော တိုင်ပင်ဖွယ်ကို တိုင်ပင်ရာ၏။

So tamhā padesā apakkamma ekamantaṁ tiṭṭheyya. ထို (ပသေနဒီကောသလမင်း) သည် ထိုတိုင်ပင်ရာအရပ်မှ ဖဲသွားပြီးလျှင် တစ်ခုသော နေရာ၌ တည်ရှိလေရာ၏၊

Atha āgaccheyya suddo vā suddadāso vā, tasmiṁ padese ṭhito tadeva mantanaṁ manteyya: ထိုအခါ သူဆင်းရဲဖြစ်စေ သူဆင်းရဲ၏ ကျွန်ဖြစ်စေ လာရောက်၍ ထိုအရပ်၌ တည်လျက်

‘evampi rājā pasenadi kosalo āha, evampi rājā pasenadi kosalo āhā’ti. “ပသေနဒီကောသလမင်းသည် ဤသို့လည်း ဆို၏၊ ပသေနဒီကောသလမင်းသည် ဤသို့လည်း ဆို၏”ဟု ထိုတိုင်ပင်ဖွယ်ကိုသာလျှင်တိုင်ပင်ရာ၏၊

Api nu so rājabhaṇitaṁ vā bhaṇati rājamantanaṁ vā manteti? ထိုသူသည် မင်းဆိုသည့်အတိုင်းလည်း ဆို၏၊ မင်းတိုင်ပင်သည့် အတိုင်းလည်း တိုင်ပင်၏၊

Ettāvatā so assa rājā vā rājamatto vā”ti? ဤမျှဖြင့် ထိုသူသည် မင်းသော်လည်းကောင်း အမတ်သော်လည်းကောင်း ဖြစ်ရာသလော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ မဖြစ်ရာပါ။

“Evameva kho tvaṁ, ambaṭṭha, ye te ahesuṁ brāhmaṇānaṁ pubbakā isayo mantānaṁ kattāro mantānaṁ pavattāro, yesamidaṁ etarahi brāhmaṇā porāṇaṁ mantapadaṁ gītaṁ pavuttaṁ samihitaṁ, tadanugāyanti tadanubhāsanti bhāsitamanubhāsanti vācitamanuvācenti, seyyathidaṁ—aṭṭhako vāmako vāmadevo vessāmitto yamataggi aṅgīraso bhāradvājo vāseṭṭho kassapo bhagu: အမ္ဗဋ္ဌ ဤအတူ ပုဏ္ဏားတို့၏ လက်ဦးဆရာဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကို ပို့ချကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် အကြင်ရသေ့တို့ သီဆို ပို့ချ ပေါင်းစုထားသော ထိုရှေးဟောင်း ဝေဒကျမ်းကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ရွတ်ဖတ်ကုန်၏၊ ရွတ်ဖတ်နည်းအတိုင်း လိုက်၍ ရွတ်ဖတ်ကုန်၏၊ ပို့ချနည်းအတိုင်း လိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့ကား အဘယ်နည်း— “အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂီရသေ့ အင်္ဂီရသရသေ့ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း”။

‘tyāhaṁ mante adhiyāmi sācariyako’ti, tāvatā tvaṁ bhavissasi isi vā isitthāya vā paṭipannoti netaṁ ṭhānaṁ vijjati. ဆရာနှင့်တကွသော ငါသည် ထိုဗေဒင်ကျမ်းတို့ကို သင်၏ဟု သင်ဆိုရာ၏၊ ထိုမျှဖြင့် သင်သည်ရသေ့သော်လည်းကောင်း၊ ရသေ့ဖြစ်ရန် ကျင့်သောသူသော်လည်းကောင်း ဖြစ်နိုင်ရာသော အကြောင်းသည်မရှိ။

Taṁ kiṁ maññasi, ambaṭṭha, အမ္ဗဋ္ဌ ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊

kinti te sutaṁ brāhmaṇānaṁ vuddhānaṁ mahallakānaṁ ācariyapācariyānaṁ bhāsamānānaṁ—(အသက်) ကြီးကုန်သော (အရွယ်) ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ပုဏ္ဏားတို့ ပြောဆိုသည်ကို သင် အဘယ်သို့ ကြားဖူးသနည်း၊

ye te ahesuṁ brāhmaṇānaṁ pubbakā isayo mantānaṁ kattāro mantānaṁ pavattāro, yesamidaṁ etarahi brāhmaṇā porāṇaṁ mantapadaṁ gītaṁ pavuttaṁ samihitaṁ, tadanugāyanti tadanubhāsanti bhāsitamanubhāsanti vācitamanuvācenti, seyyathidaṁ—aṭṭhako vāmako vāmadevo vessāmitto yamataggi aṅgīraso bhāradvājo vāseṭṭho kassapo bhagu, ပုဏ္ဏားတို့၏ လက်ဦးဆရာ ဖြစ်ကုန်သော ဝေဒကျမ်းတို့ကို စီရင်ကုန်သော ဝေဒကျမ်းတို့ကိုပို့ချ ကုန်သော အကြင်ရသေ့တို့သည် ရှိကုန်၏၊ ယခုအခါ ပုဏ္ဏားတို့သည် အကြင် (ရသေ့) တို့ သီဆို ပို့ချ ပေါင်းစုထားသော ထိုရှေးဟောင်း ဝေဒကျမ်းကို လိုက်၍ သီဆိုကုန်၏၊ လိုက်၍ ရွတ်ဖတ်ကုန်၏၊ ရွတ်ဖတ်နည်းအတိုင်း လိုက်၍ ရွတ်ဖတ်ကုန်၏၊ ပို့ချနည်းအတိုင်း လိုက်၍ ပို့ချကုန်၏၊ ဤရသေ့တို့ကား အဘယ်နည်း— “အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂီရသေ့ အင်္ဂီရသရသေ့ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့တည်း”။

evaṁ su te sunhātā suvilittā kappitakesamassū āmukkamaṇikuṇḍalābharaṇā odātavatthavasanā pañcahi kāmaguṇehi samappitā samaṅgībhūtā paricārenti, seyyathāpi tvaṁ etarahi sācariyako”ti? ထို (ရသေ့) တို့သည် ယခုအခါ ဆရာနှင့်တကွသော သင်ကဲ့သို့ပင် ကောင်းမွန်စွာ ရေချိုး ကုန်လျက်ကောင်းမွန်စွာ လိမ်းကျံကုန်လျက် ဆံမုတ်ဆိတ်ကို ပြုပြင်ကုန်လျက် ပတ္တမြားနားတောင်းတန်ဆာကို ဝတ်ဆင်ကုန်လျက် ဖြူသော အဝတ်ကို ဝတ်ဆင်ကုန်လျက် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ ပျော်ရွှင်စံစားကုန်၏ဟု သင်သည် ကြားဖူးသလော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ မကြားဖူးပါ။

“ …pe… ။ပ။

Evaṁ su te sālīnaṁ odanaṁ sucimaṁsūpasecanaṁ vicitakāḷakaṁ anekasūpaṁ anekabyañjanaṁ paribhuñjanti, seyyathāpi tvaṁ etarahi sācariyako”ti? ထို (ရသေ့) တို့သည် ယခုအခါ ဆရာနှင့်တကွသော သင်ကဲ့သို့ပင် များသော အရည်ဟင်း အဖတ်ဟင်းရှိသော အသားပြွမ်းသော ဆန်မည်းကို ရွေးချယ်ပြီးသော စင်ကြယ်သော သလေးထမင်းကိုစားကုန်၏ဟု သင်သည် ကြားဖူးသလော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ မကြားဖူးပါ။

“ …pe… ။ပ။

Evaṁ su te veṭhakanatapassāhi nārīhi paricārenti, seyyathāpi tvaṁ etarahi sācariyako”ti? ထို (ရသေ့) တို့သည် ယခုအခါ ဆရာနှင့်တကွသော သင်ကဲ့သို့ပင် အဝတ်တန်ဆာတို့ဖြင့် ဖွားလျားညွှတ်ကျသော နံပါးရှိသော မိန်းမတို့ဖြင့် ပျော်ရွှင်စံစားကုန်၏ဟု သင်သည် ကြားဖူးသလော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ မကြားဖူးပါ။

“ …pe… ။ပ။

Evaṁ su te kuttavālehi vaḷavārathehi dīghāhi patodalaṭṭhīhi vāhane vitudentā vipariyāyanti, seyyathāpi tvaṁ etarahi sācariyako”ti? ထို (ရသေ့) တို့သည် ယခုအခါ ဆရာနှင့်တကွသော သင်ကဲ့သို့ပင် မွေးမှင်သထားသည့်မြည်းကသော ရထားတို့ကို စီးကုန်လျက် ရှည်သော နှင်တံတို့ဖြင့် မြည်းတို့ကို ထိုးဆွကုန်လျက် လှည့်ပတ်သွားလာကုန်၏ဟု သင်သည် ကြားဖူးသလော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ မကြားဖူးပါ။

“ …pe… ။ပ။

Evaṁ su te ukkiṇṇaparikhāsu okkhittapalighāsu nagarūpakārikāsu dīghāsivudhehi purisehi rakkhāpenti, seyyathāpi tvaṁ etarahi sācariyako”ti? ထို (ရသေ့) တို့သည် ယခုအခါ ဆရာနှင့်တကွသော သင်ကဲ့သို့ပင် တူးထားသည့် ကျုံးရှိကုန် သောမင်းတုပ်လျှိုထားသည် တံခါးရှိကုန်သော တံတိုင်းအခြေခိုင်လုံသော မြို့တို့၌ သန်လျက်ရှည် လက်နက်ကိုင်ယောကျာ်းတို့ကို စောင့်ရှောက်စေကုန်၏ဟု သင်သည် ကြားဖူးသလော။

“No hidaṁ, bho gotama”. အသျှင်ဂေါတမ မကြားဖူးပါ။

“Iti kho, ambaṭṭha, neva tvaṁ isi na isitthāya paṭipanno sācariyako. အမ္ဗဋ္ဌ ဤသို့လျှင် ဆရာနှင့်တကွသော သင်သည် ရသေ့လည်းမဟုတ်၊ ရသေ့ဖြစ်ရန် ကျင့်သူလည်းမဟုတ်။

Yassa kho pana, ambaṭṭha, mayi kaṅkhā vā vimati vā so maṁ pañhena, ahaṁ veyyākaraṇena sodhissāmī”ti. အမ္ဗဋ္ဌ ငါဘုရား၌ ယုံမှားတွေးတောခြင်း ရှိသူသည် ငါဘုရားကို မေးမြန်းခြင်းဖြင့် (ထိုယုံမှားတွေးတောခြင်းကို) သုတ်သင်ရာ၏၊ ငါဘုရားသည် ဖြေကြားခြင်းဖြင့် (ထိုယုံမှားတွေးတောခြင်းကို) သုတ်သင်အံ။

7. Dvelakkhaṇādassana ၇။ လက္ခဏာနှစ်မျိုးကို ပြခြင်း

Atha kho bhagavā vihārā nikkhamma caṅkamaṁ abbhuṭṭhāsi. ထိုအခါ မြတ်စွာဘုရားသည် ကျောင်းတော်မှ ထွက်တော်မူ၍ စင်္ကြံဆီသို့ ရှေးရှု ကြွတော် မူ၏၊

Ambaṭṭhopi māṇavo vihārā nikkhamma caṅkamaṁ abbhuṭṭhāsi. အမ္ဗဋ္ဌလုလင်သည်လည်း ကျောင်းတော်မှ ထွက်၍ စင်္ကြံဆီသို့ ရှေးရှု သွား၏၊

Atha kho ambaṭṭho māṇavo bhagavantaṁ caṅkamantaṁ anucaṅkamamāno bhagavato kāye dvattiṁsamahāpurisalakkhaṇāni samannesi. ထိုအခါ အမ္ဗဋ္ဌလုလင်သည် စင်္ကြံသွားနေတော်မူသော မြတ်စွာဘုရားသို့ နောက်မှ လိုက်၍ စင်္ကြံသွားလျက် မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့ကို ကြည့်ရှုရှာဖွေ၏၊

Addasā kho ambaṭṭho māṇavo bhagavato kāye dvattiṁsamahāpurisalakkhaṇāni yebhuyyena ṭhapetvā dve. အမ္ဗဋ္ဌလုလင်သည် မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊

Dvīsu mahāpurisalakkhaṇesu kaṅkhati vicikicchati nādhimuccati na sampasīdati—(ဤမမြင်ရသော) ယောကျာ်းမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ထိုနှစ်ပါးမှာ-

kosohite ca vatthaguyhe pahūtajivhatāya ca. အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း (ဤမမြင်ရသော) ယောကျာ်းမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။

Atha kho bhagavato etadahosi: ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏ —

“passati kho me ayaṁ ambaṭṭho māṇavo dvattiṁsamahāpurisalakkhaṇāni yebhuyyena ṭhapetvā dve. “ဤအမ္ဗဋ္ဌလုလင်သည် ငါ၏ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် လက္ခဏာတို့ကို များသော အားဖြင့်မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်၊

Dvīsu mahāpurisalakkhaṇesu kaṅkhati vicikicchati nādhimuccati na sampasīdati—(ဤမမြင်ရသော) ယောကျာ်းမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ထိုနှစ်ပါးမှာ-

kosohite ca vatthaguyhe pahūtajivhatāya cā”ti. အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သောလျှာတော်၌လည်းကောင်း (ဤမမြင်ရသော) ယောကျာ်းမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ (ငါသည် တန်ခိုးဖန်ဆင်းပြရမူ ကောင်းလေစွ)”ဟုအကြံဖြစ်၏။

Atha kho bhagavā tathārūpaṁ iddhābhisaṅkhāraṁ abhisaṅkhāsi. Yathā addasa ambaṭṭho māṇavo bhagavato kosohitaṁ vatthaguyhaṁ. ထိုအခါ မြတ်စွာဘုရားသည် အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ကို အမ္ဗဋ္ဌလုလင်မြင်နိုင်ရန့်တန်ခိုးဖန်ဆင်းတော်မူ၏၊

Atha kho bhagavā jivhaṁ ninnāmetvā ubhopi kaṇṇasotāni anumasi paṭimasi, ubhopi nāsikasotāni anumasi paṭimasi, kevalampi nalāṭamaṇḍalaṁ jivhāya chādesi. ထို့နောက် မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်း နှစ်ဖက်တို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏၊ နှာခေါင်းပေါက် နှစ်ခုတို့ကိုလည်း အပြန်အလှန်သုံးသပ်တော်မူ၏၊ အလုံးစုံသော နဖူးပြင်ကိုလည်း လျှာဖြင့် ဖုံးအုပ်တော်မူ၏။

Atha kho ambaṭṭhassa māṇavassa etadahosi: ထိုအခါ အမ္ဗဋ္ဌလုလင်အား ဤသို့သော အကြံဖြစ်၏—

“samannāgato kho samaṇo gotamo dvattiṁsamahāpurisalakkhaṇehi paripuṇṇehi, no aparipuṇṇehī”ti. “အသျှင်ဂေါတမသည် တင်းတင်းပြည့်ညီသော သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာ တို့နှင့်ပြည့်စုံတော်မူပေ၏၊ တင်းတင်းမပြည့်ညီသော လက္ခဏာတို့နှင့် ပြည့်စုံသည် မဟုတ်ပေ”ဟု အကြံဖြစ်၏။

Bhagavantaṁ etadavoca: ဤသို့ အကြံဖြစ်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။—

“handa ca dāni mayaṁ, bho gotama, gacchāma, bahukiccā mayaṁ bahukaraṇīyā”ti. “အသျှင်ဂေါတမ ယခုအခါ အကျွန်ုပ်တို့ သွားပါကုန် အံ၊ အကျွန်ုပ်တို့သည် များသောကိစ္စ များသောပြုဖွယ် ရှိပါကုန်၏”ဟု လျှောက်၏။

“Yassadāni tvaṁ, ambaṭṭha, kālaṁ maññasī”ti. အမ္ဗဋ္ဌ ယခုအခါ၌ သွားရန် အချိန်ကို သင် သိ၏ (သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏)ဟုမိန့်တော်မူ၏၊

Atha kho ambaṭṭho māṇavo vaḷavārathamāruyha pakkāmi. ထိုအခါ အမ္ဗဋ္ဌလုလင်သည် မြည်းကသော ရထားကို တက်စီး၍ ပြန်သွားလေ၏။

Tena kho pana samayena brāhmaṇo pokkharasāti ukkaṭṭhāya nikkhamitvā mahatā brāhmaṇagaṇena saddhiṁ sake ārāme nisinno hoti ambaṭṭhaṁyeva māṇavaṁ paṭimānento. ထိုစဉ်အခါ၌ ပေါက္ခရသာတိပုဏ္ဏားသည် ဥက္ကဋ္ဌမြို့မှ ထွက်၍ ပုဏ္ဏားပေါင်းများစွာနှင့်အတူအမ္ဗဋ္ဌလုလင်ကိုသာ စောင့်မျှော်လျက် မိမိ၏ ဥယျာဉ်၌ နေ၏၊

Atha kho ambaṭṭho māṇavo yena sako ārāmo tena pāyāsi. ထိုအခါ အမ္ဗဋ္ဌလုလင်သည် ထိုဥယျာဉ်သို့သွားလေ၏၊

Yāvatikā yānassa bhūmi, yānena gantvā yānā paccorohitvā pattikova yena brāhmaṇo pokkharasāti tenupasaṅkami; upasaṅkamitvā brāhmaṇaṁ pokkharasātiṁ abhivādetvā ekamantaṁ nisīdi. Ekamantaṁ nisinnaṁ kho ambaṭṭhaṁ māṇavaṁ brāhmaṇo pokkharasāti etadavoca: ယာဉ်ဖြင့် သွားနိုင်သမျှသော အရပ်ကို ယာဉ်ဖြင့် သွား၍ ယာဉ်မှ သက်ပြီးသော်ခြေကျင်သာ လျှင် ပေါက္ခရသာတိပုဏ္ဏားထံသို့ ချဉ်းကပ်၍ ပေါက္ခရသာတိပုဏ္ဏားကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ထိုင်၏။တစ်ခုသော နေရာ၌ ထိုင်နေသော အမ္ဗဋ္ဌလုလင်အား ပေါက္ခရသာတိပုဏ္ဏားသည် ဤစကား ကိုဆို၏။

“kacci, tāta ambaṭṭha, addasa taṁ bhavantaṁ gotaman”ti? ချစ်သားအမ္ဗဋ္ဌ ထိုအသျှင်ဂေါတမကို တွေ့မြင်ခဲ့၏လော။

“Addasāma kho mayaṁ, bho, taṁ bhavantaṁ gotaman”ti. အသျှင်အကျွန်ုပ်တို့သည် ထိုအသျှင်ဂေါတမကို တွေ့မြင်ခဲ့ပါကုန်၏။

“Kacci, tāta ambaṭṭha, taṁ bhavantaṁ gotamaṁ tathā santaṁyeva saddo abbhuggato no aññathā; ချစ်သားအမ္ဗဋ္ဌ ထိုအသျှင်ဂေါတမ၏ ကျော်စောသတင်းသည် အမှန်အတိုင်း ပျံ့နှံ့၍ ထွက်သလော့၊ အမှန်အတိုင်း မဟုတ်ဘဲ ပျံ့နှံ့၍ ထွက်သလော့၊

kacci pana so bhavaṁ gotamo tādiso no aññādiso”ti? ထိုအသျှင်ဂေါတမသည် ကျော်စောသည့်အတိုင်း မှန်သလော့၊ မမှန်သလော။

“Tathā santaṁyeva, bho, taṁ bhavantaṁ gotamaṁ saddo abbhuggato no aññathā, tādisova so bhavaṁ gotamo no aññādiso. အသျှင်ထိုအသျှင်ဂေါတမ၏ ကျော်စောသတင်းသည် အမှန်အတိုင်း ပျံ့နှံ့၍ ထွက်ပါ၏၊ အမှန် အတိုင်းမဟုတ်ဘဲ ပျံ့နှံ့၍ထွက်သည် မဟုတ်ပါ၊ ထိုအသျှင်ဂေါတမသည် ကျော်စောသည့်အတိုင်းပင် မှန်ပါ၏၊ မမှန်သည် မဟုတ်ပါ၊

Samannāgato ca so bhavaṁ gotamo dvattiṁsamahāpurisalakkhaṇehi paripuṇṇehi no aparipuṇṇehī”ti. ထိုအသျှင်ဂေါတမသည် တင်းတင်းပြည့်ညီသော သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့နှင့် ပြည့်စုံတော်မူပါ၏၊ တင်းတင်းမပြည့်ညီသော လက္ခဏာတို့နှင့်ပြည့်စုံသည် မဟုတ်ပါ။

“Ahu pana te, tāta ambaṭṭha, samaṇena gotamena saddhiṁ kocideva kathāsallāpo”ti? ချစ်သား အမ္ဗဋ္ဌ သင်သည် ရဟန်းဂေါတမနှင့်အတူ စကားတစ်စုံတစ်ရာ ပြောဆိုခဲ့ရပါသလော။

“Ahu kho me, bho, samaṇena gotamena saddhiṁ kocideva kathāsallāpo”ti. အသျှင်အကျွန်ုပ်သည် ရဟန်းဂေါတမနှင့်အတူ စကားအနည်းငယ် ပြောဆိုခဲ့ရပါ၏။

“Yathā kathaṁ pana te, tāta ambaṭṭha, ahu samaṇena gotamena saddhiṁ kocideva kathāsallāpo”ti? ချစ်သား အမ္ဗဋ္ဌ သင်သည် ရဟန်းဂေါတမနှင့်အတူ စကားအနည်းငယ်ကို အဘယ်သို့ ပြောဆိုခဲ့ရပါသနည်း။

Atha kho ambaṭṭho māṇavo yāvatako ahosi bhagavatā saddhiṁ kathāsallāpo, taṁ sabbaṁ brāhmaṇassa pokkharasātissa ārocesi. ထိုအခါ အမ္ဗဋ္ဌလုလင်သည် မြတ်စွာဘုရားနှင့်အတူ ပြောဆိုခဲ့သမျှ စကားအလုံးစုံကို ပေါက္ခရသာတိပုဏ္ဏားအား ပြောကြား၏။

Evaṁ vutte, brāhmaṇo pokkharasāti ambaṭṭhaṁ māṇavaṁ etadavoca: ဤသို့ ပြောကြားသော် ပေါက္ခရသာတိပုဏ္ဏားသည် အမ္ဗဋ္ဌလုလင်အား ဤစကားကို ဆို၏—

“aho vata re amhākaṁ, paṇḍitaka, aho vata re amhākaṁ, bahussutaka, aho vata re amhākaṁ, tevijjaka, evarūpena kira, bho, puriso atthacarakena kāyassa bhedā paraṁ maraṇā apāyaṁ duggatiṁ vinipātaṁ nirayaṁ upapajjeyya. “ဟယ် ငါတို့၏ ပညာရှိကလေးတို့ အံ့ဖွယ်ကောင်းပါဘိ၊ ဟယ် ငါတို့၏ ဗဟုဿုတရှင်ကလေးတို့အံ့ဖွယ်ကောင်းပါဘိ၊ ဟယ် ငါတို့၏ ဗေဒင်သုံးပုံတတ်ကလေးတို့ အံ့ဖွယ်ကောင်းပါဘိ။ အချင်းတို့ —ဤသို့သော အကျိုးဆောင်မှုကြောင့် ယောကျာ်းသည် (ခန္ဓာ) ကိုယ် ပျက်စီး၍ သေပြီးသည်မှနောက်၌ မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော အပါယ်ငရဲသို့သာလျှင် ရောက်ရာသည် မဟုတ်တုံလော။

Yadeva kho tvaṁ, ambaṭṭha, taṁ bhavantaṁ gotamaṁ evaṁ āsajja āsajja avacāsi, atha kho so bhavaṁ gotamo amhepi evaṁ upaneyya upaneyya avaca. အမ္ဗဋ္ဌ သင်သည် ထို အသျှင်ဂေါတမကို ဤသို့ ထိပါး၍ ထိပါး၍ အကြင် (စကား) ကို ဆို၏၊ ထိုစကားကြောင့်ပင်လျှင် (ထို) အသျှင်ဂေါတမသည် ငါတို့ (၏ အပြစ်) ကိုလည်း ဤသို့ ထုတ်ဖော်၍ထုတ်ဖော်၍ ဆိုတော်မူ၏၊

Aho vata re amhākaṁ, paṇḍitaka, aho vata re amhākaṁ, bahussutaka, aho vata re amhākaṁ, tevijjaka, evarūpena kira, bho, puriso atthacarakena kāyassa bhedā paraṁ maraṇā apāyaṁ duggatiṁ vinipātaṁ nirayaṁ upapajjeyyā”ti, kupito anattamano ambaṭṭhaṁ māṇavaṁ padasāyeva pavattesi. ဟယ် ငါတို့၏ ပညာရှိကလေးတို့ အံ့ဖွယ်ကောင်းပါဘိ၊ ဟယ် ငါတို့၏ဗဟုဿုတရှင်ကလေးတို့ အံ့ဖွယ်ကောင်းပါဘိ၊ ဟယ် ငါတို့၏ ဗေဒင်သုံးပုံတတ်ကလေးတို့ အံ့ဖွယ်ကောင်းပါဘိ။ အချင်းတို့ ဤသို့သော အကျိုးဆောင်မှုကြောင့် ယောကျာ်းသည် (ခန္ဓာ) ကိုယ် ပျက်စီး၍သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော အပါယ်ငရဲသို့သာလျှင်ရောက်ရာသည် မဟုတ်တုံလော”။(ဤသို့ ဆိုပြီးလျှင်) အမျက်ထွက်သည် ဖြစ်၍ နှလုံးမသာသည် ဖြစ်၍ အမ္ဗဋ္ဌလုလင်ကို ခြေဖြင့် သာလျှင်လှိမ့်၍ ကန်၏၊

Icchati ca tāvadeva bhagavantaṁ dassanāya upasaṅkamituṁ. ထို ခဏ၌ပင် မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်လည်း အလိုရှိ၏။

8. Pokkharasātibuddhūpasaṅkamana ၈။ ပေါက္ခရသာတိပုဏ္ဏား ဘုရားထံ ချဉ်းကပ်ခြင်း

Atha kho te brāhmaṇā brāhmaṇaṁ pokkharasātiṁ etadavocuṁ: ထိုအခါ ထိုပုဏ္ဏားတို့သည် ပေါက္ခရသာတိပုဏ္ဏားအား ဤစကားကို ဆိုကုန်၏—

“ativikālo kho, bho, ajja samaṇaṁ gotamaṁ dassanāya upasaṅkamituṁ. “အသျှင်ယနေ့ ရဟန်းဂေါတမကို ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အချိန်မဲ့လှပါပြီ၊

Svedāni bhavaṁ pokkharasāti samaṇaṁ gotamaṁ dassanāya upasaṅkamissatī”ti. နက်ဖြန်၌ အသျှင်ပေါက္ခရသာတိသည် ရဟန်း ဂေါတမကို ဖူးမြော်ခြင်းငှါ ချဉ်းကပ်နိုင်ပါလိမ့်မည်”ဟု ဆိုကုန်၏။

Atha kho brāhmaṇo pokkharasāti sake nivesane paṇītaṁ khādanīyaṁ bhojanīyaṁ paṭiyādāpetvā yāne āropetvā ukkāsu dhāriyamānāsu ukkaṭṭhāya niyyāsi, yena icchānaṅgalavanasaṇḍo tena pāyāsi. ထိုအခါ ပေါက္ခရသာတိပုဏ္ဏားသည် မိမိအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီမံစေ၍ ယာဉ်၌တင်ပြီးလျှင် မီးရှူးတိုင်တို့ကို ဆောင်စေလျက် ဥက္ကဋ္ဌမြို့မှ ထွက်၍ ဣစ္ဆာနင်္ဂလတောအုပ်သို့ သွားလေ၏။

Yāvatikā yānassa bhūmi yānena gantvā, yānā paccorohitvā pattikova yena bhagavā tenupasaṅkami. upasaṅkamitvā bhagavatā saddhiṁ sammodi, sammodanīyaṁ kathaṁ sāraṇīyaṁ vītisāretvā ekamantaṁ nisīdi. Ekamantaṁ nisinno kho brāhmaṇo pokkharasāti bhagavantaṁ etadavoca: ယာဉ်ဖြင့် သွားနိုင်သမျှသော အရပ်ကို ယာဉ်ဖြင့် သွား၍ ယာဉ်မှ သက်ပြီးသော် ခြေကျင်သာလျှင်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက် ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်၏။တစ်ခုသော နေရာ၌ ထိုင်ပြီးသော ပေါက္ခရသာတိပုဏ္ဏားသည် မြတ်စွာဘုရားအား ဤ စကားကိုလျှောက်၏။

“āgamā nu khvidha, bho gotama, amhākaṁ antevāsī ambaṭṭho māṇavo”ti? “အသျှင်ဂေါတမ အကျွန်ုပ်တို့၏ တပည့် အမ္ဗဋ္ဌလုလင်သည် ဤအရပ်သို့ လာပါသလော”။

“Āgamā kho te, brāhmaṇa, antevāsī ambaṭṭho māṇavo”ti. “ပုဏ္ဏား သင်၏တပည့် အမ္ဗဋ္ဌလုလင်သည် လာပါ၏”။

“Ahu pana te, bho gotama, ambaṭṭhena māṇavena saddhiṁ kocideva kathāsallāpo”ti? “အသျှင်ဂေါတမ အသျှင်သည် အမ္ဗဋ္ဌလုလင်နှင့်အတူ စကားတစ်စုံတစ်ရာ ပြောဆိုရပါသလော”။

“Ahu kho me, brāhmaṇa, ambaṭṭhena māṇavena saddhiṁ kocideva kathāsallāpo”ti. “ပုဏ္ဏား ငါသည် အမ္ဗဋ္ဌလုလင်နှင့်အတူ စကားအနည်းငယ် ပြောဆိုရပါ၏”။

“Yathākathaṁ pana te, bho gotama, ahu ambaṭṭhena māṇavena saddhiṁ kocideva kathāsallāpo”ti? အသျှင်ဂေါတမ အသျှင်သည် အမ္ဗဋ္ဌလုလင်နှင့်အတူ စကားအနည်းငယ်ကို အဘယ်သို့ ပြောဆိုရပါသနည်း။

Atha kho bhagavā yāvatako ahosi ambaṭṭhena māṇavena saddhiṁ kathāsallāpo, taṁ sabbaṁ brāhmaṇassa pokkharasātissa ārocesi. ထိုအခါ မြတ်စွာဘုရားသည် အမ္ဗဋ္ဌလုလင်နှင့် အတူ ပြောဆိုခဲ့သမျှ စကားအလုံးစုံကို ပေါက္ခရသာတိပုဏ္ဏားအား မိန့်ကြားတော်မူ၏၊

Evaṁ vutte, brāhmaṇo pokkharasāti bhagavantaṁ etadavoca: ဤသို့ မိန့်ကြားသော် ပေါက္ခရသာတိပုဏ္ဏားသည် မြတ်စွာဘုရားအား

“bālo, bho gotama, ambaṭṭho māṇavo, khamatu bhavaṁ gotamo ambaṭṭhassa māṇavassā”ti. “အသျှင်ဂေါတမ အမ္ဗဋ္ဌလုလင်သည် မိုက်မဲပါ၏၊ အသျှင်ဂေါတမသည် အမ္ဗဋ္ဌလုလင်အားသည်းခံတော်မူပါ”ဟု လျှောက်၏။

“Sukhī hotu, brāhmaṇa, ambaṭṭho māṇavo”ti. “ပုဏ္ဏား အမ္ဗဋ္ဌလုလင်သည် ချမ်းသာစေသတည်း”ဟု မိန့်တော်မူ၏။

Atha kho brāhmaṇo pokkharasāti bhagavato kāye dvattiṁsamahāpurisalakkhaṇāni samannesi. ထိုအခါ ပေါက္ခရသာတိပုဏ္ဏားသည် မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသောယောကျာ်းမြတ်လက္ခဏာတို့ကို ကြည့်ရှုရှာဖွေ၏၊

Addasā kho brāhmaṇo pokkharasāti bhagavato kāye dvattiṁsamahāpurisalakkhaṇāni yebhuyyena ṭhapetvā dve. ပေါက္ခရသာတိပုဏ္ဏားသည် မြတ်စွာဘုရား၏ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့ကို များသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်။

Dvīsu mahāpurisalakkhaṇesu kaṅkhati vicikicchati nādhimuccati na sampasīdati—(ဤမမြင်ရသော) ယောကျာ်းမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ထိုနှစ်ပါးမှာ-

kosohite ca vatthaguyhe pahūtajivhatāya ca. အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သော လျှာတော်၌လည်းကောင်း (ဤမမြင်ရသော) ယောကျာ်းမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။

Atha kho bhagavato etadahosi: ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏ —

“passati kho me ayaṁ brāhmaṇo pokkharasāti dvattiṁsamahāpurisalakkhaṇāni yebhuyyena ṭhapetvā dve. “ဤ ပေါက္ခရသာတိပုဏ္ဏားသည် ငါ၏ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာတို့ကိုများသောအားဖြင့် မြင်၏၊ နှစ်ပါးတို့ကိုကား မမြင်။

Dvīsu mahāpurisalakkhaṇesu kaṅkhati vicikicchati nādhimuccati na sampasīdati—(ဤမမြင်ရသော) ယောကျာ်းမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ထိုနှစ်ပါးမှာ-

kosohite ca vatthaguyhe pahūtajivhatāya cā”ti. အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်၌လည်းကောင်း၊ ရှည်ပြန့်သောလျှာတော်၌လည်းကောင်း (ဤမမြင်ရသော) ယောကျာ်းမြတ်လက္ခဏာ နှစ်ပါးတို့၌ ယုံမှား၏၊ တွေးတောယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်၊ (ငါသည် တန်ခိုးဖန်ဆင်းပြရမူ ကောင်းလေစွ)”ဟုအကြံဖြစ်၏။

Atha kho bhagavā tathārūpaṁ iddhābhisaṅkhāraṁ abhisaṅkhāsi yathā addasa brāhmaṇo pokkharasāti bhagavato kosohitaṁ vatthaguyhaṁ. ထိုအခါ မြတ်စွာဘုရားသည် အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ကို ပေါက္ခရသာတိပုဏ္ဏား မြင်နိုင်ရန်တန်ခိုးဖန်ဆင်းတော်မူ၏။

Atha kho bhagavā jivhaṁ ninnāmetvā ubhopi kaṇṇasotāni anumasi paṭimasi, ubhopi nāsikasotāni anumasi paṭimasi, kevalampi nalāṭamaṇḍalaṁ jivhāya chādesi. ထို့နောက် မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်း နှစ်ဖက်တို့ကိုလည်း အပြန်အလှန် သုံးသပ်တော်မူ၏၊ နှာခေါင်းပေါက် နှစ်ခုတို့ကိုလည်း အပြန်အလှန်သုံးသပ်တော်မူ၏၊ အလုံးစုံသော နဖူးပြင်ကိုလည်း လျှာဖြင့် ဖုံးအုပ်တော်မူ၏။

Atha kho brāhmaṇassa pokkharasātissa etadahosi: ထိုအခါ ပေါက္ခရသာတိပုဏ္ဏားအား ဤသို့သော အကြံဖြစ်၏—

“samannāgato kho samaṇo gotamo dvattiṁsamahāpurisalakkhaṇehi paripuṇṇehi no aparipuṇṇehī”ti. “အသျှင်ဂေါတမသည် တင်းတင်းပြည့်ညီသော သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာ တို့နှင့်ပြည့်စုံတော်မူပေ၏၊ တင်းတင်းမပြည့်ညီသော လက္ခဏာတို့နှင့် ပြည့်စုံသည် မဟုတ်ပေ”ဟု အကြံဖြစ်၏။

Bhagavantaṁ etadavoca: ဤသို့ အကြံဖြစ်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။—

“adhivāsetu me bhavaṁ gotamo ajjatanāya bhattaṁ saddhiṁ bhikkhusaṅghenā”ti. “အသျှင်ဂေါတမသည် ရဟန်းသံဃာနှင့် အတူယနေ့အဖို့ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ”ဟု လျှောက်၏၊

Adhivāsesi bhagavā tuṇhībhāvena. မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

Atha kho brāhmaṇo pokkharasāti bhagavato adhivāsanaṁ viditvā bhagavato kālaṁ ārocesi: ထိုအခါ ပေါက္ခရသာတိပုဏ္ဏားသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ အချိန် (တန်ကြောင်း) ကို ဤသို့ လျှောက်၏။

“kālo, bho gotama, niṭṭhitaṁ bhattan”ti. “အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရားအား အချိန် (တန်ကြောင်း) ကို လျှောက်၏။

Atha kho bhagavā pubbaṇhasamayaṁ nivāsetvā pattacīvaramādāya saddhiṁ bhikkhusaṅghena yena brāhmaṇassa pokkharasātissa nivesanaṁ tenupasaṅkami; upasaṅkamitvā paññatte āsane nisīdi. ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက်ရဟန်းသံဃာနှင့်အတူ ပေါက္ခရသာတိပုဏ္ဏား၏ (အိမ်)[“ခဲဖွယ်ဘောဇဉ်ကို ယာဉ်၌ တင်ပြီးလျှင် ဥက္ကဋ္ဌမြို့မှ ထွက်ခဲ့သည်”ဟု ဆိုထားသောကြောင့် ဤအိမ်သည် ဥက္ကဋ္ဌမြို့တွင်းရှိ အိမ်မဟုတ်တန်ရာ၊ ဣစ္ဆာနင်္ဂလရွာ၌သော်လည်းကောင်း အခြား တစ်နေရာ၌သော်လည်းကောင်း ရှိသော ပေါက္ခရသာတိ၏ အိမ်ဖြစ်တန် ရာ၏။] သို့ ချဉ်းကပ်တော်မူပြီးလျှင် ပြင်ထားသောနေရာ၌ ထိုင်နေတော်မူ၏။

Atha kho brāhmaṇo pokkharasāti bhagavantaṁ paṇītena khādanīyena bhojanīyena sahatthā santappesi sampavāresi, māṇavakāpi bhikkhusaṅghaṁ. ထိုအခါ ပေါက္ခရသာတိပုဏ္ဏားသည် မြတ်စွာဘုရားကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည်တိုင်အောင် တားမြစ်သည်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏၊ လုလင်တို့သည်လည်း ရဟန်းသံဃာကို လုပ်ကျွေးကုန်၏၊

Atha kho brāhmaṇo pokkharasāti bhagavantaṁ bhuttāviṁ onītapattapāṇiṁ aññataraṁ nīcaṁ āsanaṁ gahetvā ekamantaṁ nisīdi. မြတ်စွာဘုရားသည် ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါပေါက္ခရသာတိပုဏ္ဏားသည် နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသော နေရာ၌ ထိုင်၏။

Ekamantaṁ nisinnassa kho brāhmaṇassa pokkharasātissa bhagavā anupubbiṁ kathaṁ kathesi, seyyathidaṁ—တစ်ခုသော နေရာ၌ ထိုင်နေသော ပေါက္ခရသာတိပုဏ္ဏားအား မြတ်စွာဘုရားသည် အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည်ကား အဘယ်နည်း —

dānakathaṁ sīlakathaṁ saggakathaṁ; kāmānaṁ ādīnavaṁ okāraṁ saṅkilesaṁ, nekkhamme ānisaṁsaṁ pakāsesi. “ဒါနနှင့်စပ်သော စကားကိုလည်းကောင်း၊ သီလနှင့်စပ်သော စကားကိုလည်းကောင်း၊ နတ်ပြည်နှင့်စပ်သော စကားကိုလည်းကောင်း၊ ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း၊ ယုတ်ညံ့ခြင်းကိုလည်းကောင်း ညစ်ညူးခြင်းကိုလည်းကောင်း (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကိုလည်းကောင်းပြတော်မူ၏။

Yadā bhagavā aññāsi brāhmaṇaṁ pokkharasātiṁ kallacittaṁ muducittaṁ vinīvaraṇacittaṁ udaggacittaṁ pasannacittaṁ, atha yā buddhānaṁ sāmukkaṁsikā dhammadesanā, taṁ pakāsesi—မြတ်စွာဘုရားသည် ပေါက္ခရသာတိပုဏ္ဏား၌ သင့်လျော်သောစိတ် နူးညံ့သောစိတ် အပိတ်အပင် ‘နီဝရဏ’ မှ ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ် ရှိသည်ကို သိတော်မူသောအခါမြတ်စွာဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖော်သိမြင်ပြီးသော (သာမုက္ကံသိက) တရားဒေသနာတော်ကိုဟောကြား တော်မူလျက်

dukkhaṁ samudayaṁ nirodhaṁ maggaṁ. ဆင်းရဲ ‘ဒုက္ခ’ ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း ‘သမုဒယ’ ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ ‘နိရောဓ’ ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်လမ်းစဉ် ‘မဂ္ဂ’ ကိုလည်းကောင်း ပြသတော်မူ၏။

Seyyathāpi nāma suddhaṁ vatthaṁ apagatakāḷakaṁ sammadeva rajanaṁ paṭiggaṇheyya; မည်းညစ်ခြင်းကင်းသော ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့

evameva brāhmaṇassa pokkharasātissa tasmiññeva āsane virajaṁ vītamalaṁ dhammacakkhuṁ udapādi: ပေါက္ခရသာတိပုဏ္ဏားအား ထိုနေရာ၌ပင်လျှင် ကိလေသာ မြူအညစ်အကြေးမှ ကင်းသော တရားမျက်စိ (သောတာပတ္တိမဂ်ဉာဏ်) သည်ဖြစ်ပေါ်၏။

“yaṁ kiñci samudayadhammaṁ sabbaṁ taṁ nirodhadhamman”ti. “ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏”ဟု ကိလေသာ မြူအညစ်အကြေးမှ ကင်းသော တရားမျက်စိ (သောတာပတ္တိမဂ်ဉာဏ်) သည်ဖြစ်ပေါ်၏။

9. Pokkharasātiupāsakattapaṭivedanā ၉။ ပေါက္ခရသာတိပုဏ္ဏား ဥပါသကာအဖြစ် လျှောက်ထားခြင်း

Atha kho brāhmaṇo pokkharasāti diṭṭhadhammo pattadhammo viditadhammo pariyogāḷhadhammo tiṇṇavicikiccho vigatakathaṅkatho vesārajjappatto aparappaccayo satthusāsane bhagavantaṁ etadavoca: ထိုအခါ ပေါက္ခရသာတိပုဏ္ဏားသည် တရားကို မြင်ပြီးသည် ဖြစ်၍ တရားသို့ ရောက်ပြီးသည်ဖြစ်၍ တရားကို သိပြီးသည် ဖြစ်၍ တရားသို့ သက်ဝင်ပြီးသည် ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးသည် ဖြစ်၍ သို့လော သို့လော (တွေးတောခြင်း) ကင်းပြီးသည် ဖြစ်၍ မြတ်စွာဘုရားသာသနာ၌ရဲရင့်ခြင်းသို့ ရောက်ပြီးသည် ဖြစ်၍ သူတစ်ပါးကို အားထား၍ ယုံသည် မဟုတ်၊ မိမိကိုယ်တိုင်ပင်သိမြင်ပြီးသည် ဖြစ်၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

“abhikkantaṁ, bho gotama, abhikkantaṁ, bho gotama. “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊

Seyyathāpi, bho gotama, nikkujjitaṁ vā ukkujjeyya, paṭicchannaṁ vā vivareyya, mūḷhassa vā maggaṁ ācikkheyya, andhakāre vā telapajjotaṁ dhāreyya: ‘cakkhumanto rūpāni dakkhantī’ti; evamevaṁ bhotā gotamena anekapariyāyena dhammo pakāsito. အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန် ကိုပြောကြားဘိသကဲ့သို့လည်းကောင်း မျက်စိရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်ဟုအမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဂေါတမ) ဤအတူသာလျှင်အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော် မူပါပေ၏၊

Esāhaṁ, bho gotama, saputto sabhariyo sapariso sāmacco bhavantaṁ gotamaṁ saraṇaṁ gacchāmi dhammañca bhikkhusaṅghañca. အသျှင်ဂေါတမအကျွန်ုပ်သည် သား သမီး မယား ပရိသတ် အမတ်တို့နှင့် တကွ အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်းကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊

Upāsakaṁ maṁ bhavaṁ gotamo dhāretu ajjatagge pāṇupetaṁ saraṇaṁ gataṁ. အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံးကိုးကွယ်သော ဥပါသကာဟု မှတ်တော်မူပါ။

Yathā ca bhavaṁ gotamo ukkaṭṭhāya aññāni upāsakakulāni upasaṅkamati, evameva bhavaṁ gotamo pokkharasātikulaṁ upasaṅkamatu. အသျှင်ဂေါတမသည် ဥက္ကဋ္ဌမြို့၌ အခြား ဥပါသကာအိမ်တို့သို့ ကြွရောက်တော်မူသကဲ့သို့ ပေါက္ခရသာတိပုဏ္ဏားအိမ်သို့လည်း ကြွရောက်တော်မူပါ၊

Tattha ye te māṇavakā vā māṇavikā vā bhavantaṁ gotamaṁ abhivādessanti vā paccuṭṭhissanti vā āsanaṁ vā udakaṁ vā dassanti cittaṁ vā pasādessanti, tesaṁ taṁ bhavissati dīgharattaṁ hitāya sukhāyā”ti. ထို (ပေါက္ခရသာတိပုဏ္ဏားအိမ်) ၌ အကြင် လုလင်ပျိုလုံမပျိုတို့သည် အသျှင်ဂေါတမကို အရိုအသေ ရှိခိုးမူလည်း ရှိခိုးကုန်လတ္တံ့၊ ခရီးဦး ကြိုပြုမူလည်းပြုကုန်လတ္တံ့၊ နေရာကို ပေးလှူမူလည်း ပေးလှူကုန်လတ္တံ့၊ ရေကို ပေးလှူမူလည်း ပေးလှူကုန်လတ္တံ့၊ (မိမိတို့၏) စိတ်ကို ကြည်လင်စေမူလည်း ကြည်လင်စေကုန်လတ္တံ့၊ ထို (သို့ပြုခြင်း) သည် ကြာမြင့်စွာသောကာလပတ်လုံး ထို (လုလင်ပျို လုံမပျို) တို့၏ စီးပွားချမ်းသာ အလို့ငှါ ဖြစ်ပါလတ္တံ့”ဟု လျှောက်၏။

“Kalyāṇaṁ vuccati, brāhmaṇā”ti. “ပုဏ္ဏား ကောင်းသော စကားကို (သင်) ဆိုပေ၏”ဟု မိန့်တော်မူသတည်း။

Ambaṭṭhasuttaṁ niṭṭhitaṁ tatiyaṁ. သုံးခုမြောက် အမ္ဗဋ္ဌသုတ် ပြီး၏။
PreviousNext